ပရိသတ်ကြီးရေ....မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ အနုပညာလောကထဲကိုမော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အနုပညာအလုပ်တွေမလုပ်ခင်အချိန်တည်းက MUFLရဲ့ queenလေးတစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိထားတာပါ။ နော်ဖောဟာ ကြော်ငြာတွေ၊music videoတွေအပြင် ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

photo credit-Naw Phaw Eh Htar's Facebook page
photo credit-Naw Phaw Eh Htar's Facebook page

နော်ဖောအယ်ထားဟာ အနုပညာလောကမှာ အချိန်တိုအတွင်း နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပြီး ပျောက်ဆုံးနေသောအမှန်တရားဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း သုဒြာအဖြစ်ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုအချိန်ကာလဟာဆိုရင်လည်း stay homeကာလဖြစ်တာကြောင့် အနုပညာရှင်တွေလည်း အိမ်မှာပဲနေနေကြရတာဖြစ်ပြီး နော်ဖောတစ်ယောက်လည်းအိမ်မှာပဲ အနားယူနေတာဖြစ်ပါတယ်နော်။

photo credit-Naw Phaw Eh Htar's Facebook page
photo credit-Naw Phaw Eh Htar's Facebook page

မကြာသေးမီက‌လည်း နော်ဖောဟာသူမရဲ့ Facebookစာမျက်နှာမှာ "နေကောင်းကျန်းမာပါရဲ့လား" ဆိုတဲ့ captionလေးနဲ့ ဘာမှမလိမ်းထားပဲ ရိုးရိုးရှင်းရှင်းမျက်နှာလေးနဲ့ ချစ်စရာကောင်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Naw Phaw Eh Htar's Facebook page
photo credit-Naw Phaw Eh Htar's Facebook page

Source& photo credit-Naw Phaw Eh Htar's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။