မင်းသမီးချောလေးပိုးအိအိခန့်ကတော့ အောင်သူနဲ့အတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး အခုဆိုရင် သားသားလေးတောင်မွေးဖွားထားပြီဖြစ်ပါတယ်။ပိုးအိအိခန့်က သားလေးကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေနဲ့တော့ အလှမ်းဝေးကွာနေပါတယ်နော်။ပိုးအိအိခန့်တို့မိသားစုလေးကို ပရိသတ်တွေကလည်းချစ်ကြလို့ အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook Account/Amazing Grace
Photo Credit:Poe Ei Ei Khant's Facebook Account/Amazing Grace

အောင်သူကလည်း အားတဲ့အချိန်တိုင်းမှာ ဇနီးနဲ့သားလေးကို အချိန်အပြည့်ပေးပြီး ဂရုစိုက်ပေးတာဖြစ်ပါတယ်။ပိုးအိအိခန့်တို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်ရှိတဲ့ စုံတွဲလေးဖြစ်ပါတယ်။ကိုကိုးလေးကတော့ အဖေတူလေးဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်ဖို့ကောင်းလာလို့ လူချစ်လူခင်လည်းပေါများနေတာပါနော်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

ကိုကိုးလေးက အခုဆိုရင် လမ်းစမ်းလျောက်တဲ့ အရွယ်ရောက်နေပြီဖြစ်လို့ အရင်လိုလေးဘက်မသွားတော့ဘဲ လမ်းတွေလျှောက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ အောင်သူက သားလေးကိုလက်ဆွဲပြီး လမ်းလျှောက်ကျင့်ပေးနေတာဖြစ်ပါတယ်။ကိုကိုးလေးကတော့ ဖေဖေ့ရဲ့လက်ကိုဆွဲပြီး ပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်နေကာ လမ်းပေါ်မှာရှိတဲ့အရာတွေကို စိတ်ဝင်စားနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

Photo Credit:Poe Ei Ei Khant's Facebook Account

Source&Video Credit:Poe Ei Ei Khant's Facebook Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။