ပရိသတ်ကြီးရေ.....ကြည်လင်၀င်းပတဲ့အသားအရည်လေးနဲ့ အရွယ်တင်နုပျိုနေပြီးဆယ်ကျော်သက်လေးတွေနဲ့ အပြိုင်အလှပိုနေတဲ့ မင်းသမီးလေးမယ်လိုဒီကို သိကြမယ်ထင်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်သူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကိုလည်းရရှိထားတဲ့ မင်းသမီးတစ်ယောက်ပါနော်။မယ်လိုဒီဟာ အနုပညာလောကမှာအချိန်အတော်ကြာ ရပ်တည်နေနိုင်သူတစ်ယောက်ဖြစ်ပြီး ယခုအချိန်ထိပရိသတ်အားပေးမှုရရှိနေတဲ့သူတစ်ယောက်ပါ။
မယ်လိုဒီဟာ ချစ်စရာကောင်းတဲ့သားလေးသိဒ္ဓိစစ်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သားလေးဟာလည်းအမေတူပြီး ချောမောလှတဲ့ကလေးလေးဖြစ်ပါတယ်နော်။ မယ်လိုဒီဟာ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းလိုက်ပြီလည်းဖြစ်ပြီးတော့ သူမရဲ့သားလေးနဲ့အတူ အေးဆေးနေထိုင်နေတာလည်းဖြစ်ပါတယ်။ မယ်လိုဒီဟာ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း ကျစ်လျစ်လှပတဲ့ဘော်ဒီအချိုးအစားလေးနဲ့ အသားအရည်လှပမှုဟာလည်း မိန်းကလေးချင်းပါသဘောကျအားကျရတဲ့သူလေးပါ။
အခုဆိုရင်လည်း မယ်လိုဒီဟာ သူမရဲ့ကျစ်လျစ်လှပတဲ့ကိုယ်လုံးသေးသေးလေးပေါ်လွင်လှပနေတဲ့ မြန်မာ၀တ်စုံအနက်ရောင်လေးကို၀တ်ဆင်ထားပြီး ကျက်သရေရှိရှိလှနေတဲ့ ပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာတင်ပေးလာပါတယ်။ ကဲ.......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source& photo credit-Melody Myo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။