အဆိုတော် ဆန်းသစ်လကတော့ လက်ရှိမှာဆိုရင် ချစ်စရာကောင်းတဲ့ သမီးချောချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ ဆန်းသစ်လက ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၃)ရက်နေ့မှာပဲ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ကိုယ်ဝန်လွယ်ထားစဥ်ကတည်းက ဂရုတစိုက်နေထိုင်ပြီး ပျော်ရွှင်ခဲ့တဲ့ ဆန်းသစ်လတစ်ယောက် အခုတော့ ကလေးမေမေဘဝကိုရောက်ရှိသွားပြီ ဖြစ်ပါတယ် ။

Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Acc

ဆန်းသစ်လရဲ့သမီးလေးကတော့ ရက်သားအရွယ်လေးသာရှိသေးပြီး မြင်သူတိုင်း မချစ်ဘဲမနေနိုင်လောက်အောင်ကို အသည်းယားဖို့ကောင်းသူလေး ဖြစ်ပါတယ် ။ ပါးဖောင်းဖောင်းကစ်ကစ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ သမီးလေးကို မေမေနဲ့ဖေဖေကလည်း တုန်နေအောင် ချစ်ရတာ ဖြစ်ပါတယ် ။ အခုလည်း ဆန်းသစ်လက သမီးလေးကိုစကားတွေပြောရင်း ဗီဒီယိုလေးရိုက်ကာ My Story မှာ တင်ထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-San Thit La's FB Acc
Photo Credit-Win Myat's FB Acc
Photo Credit-Win Myat's FB Acc

ဒီဗီဒီယိုလေးမှာ သမီးလေးကလည်း မေမေပြောသမျှကို မျက်လုံးအဝိုင်းသားလေးနဲ့ ငေးကြည့်နေပြီး ပြုံးပြနေတာ ဖြစ်ပါတယ် ။ ပါးနီတာရဲလေးတွေနဲ့ အူယားစရာကောင်းလွန်းတဲ့ သမီးလေးကို မေမေဆန်းသစ်လကလည်း တစိမ့်စိမ့်ကြည့်ရင်းနဲ့ကို ချစ်မဝဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဆန်းသစ်လသမီးလေးရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-San Thit La's FB Story 

Photo Credit-San Thit La's FB Acc
Photo Credit-San Thit La's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။