ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့် လူအများရဲ့ချစ်ခင်မှုတွေကိုတော့ ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။နန္ဒာလှိုင်က ခင်ပွန်းကောင်းကိုလည်းပိုင်ဆိုင်ထားလို့ အမြဲပျော်ရွှင်ရတဲ့ ဘဝလေးမှာနေထိုင်နေရတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့ဇနီးမောင်နှံက အေးအတူပူအမျှနဲ့ ချစ်လာကြတာ နှစ်ပေါင်းတစ်ခုထိကြာမြင့်နေပြီဖြစ်ပါတယ်နော်။

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

နန္ဒာလှိုင်က သမီးသုံးယောက်မွေးဖွားထားတဲ့မိခင်ဖြစ်ပြီး အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့သမီးသုံးယောက်လုံးကလည်း ချစ်မွေးလေးတွေပါကြလို့ လူချစ်လူခင်ပေါများကြပါတယ်နော်။နန္ဒာလှိုင်တို့ဇနီးမောင်နှံကတော့ သမီးသုံးယောက်လုံးကို အကောင်းဆုံးပြုစုပျိုးထောင်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

နန္ဒာလှိုင်ရဲ့ သမီးသုံးယောက်လုံးက ပညာရေးမှာလည်း ထူးချွန်ကြပြီး ဘက်စုံတော်တဲ့ကလေးတွေဖြစ်ပါတယ်။သမီးအငယ်ဆုံးလေး ဇေမဒီလှိုင်ဆိုရင် အတတ်ဆုံးလေးဖြစ်လို့ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်နေကြတာပါနော်။အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုတတ်တဲ့ မဒီလေးက အခုဆိုရင်တော့ မမသင်ပေးတဲ့ မြန်မာစာကို သေချာလိုက်ဆိုနေတာဖြစ်ပါတယ်။အရမ်းထူးချွန်ပြီး အတတ်မြန်တဲ့သမီးငယ်လေး မဒီရဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Zay Thiha's Facebook Account
Photo Credit:Zay Thiha's Facebook Account

Photo Credit:Zay Thiha's Facebook Account

Source&Video Credit:Zay Thiha's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။