ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချော မယ်လိုဒီကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ မယ်လိုဒီဟာ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ကလေးအမေဖြစ်ပေမယ့်လည်း သူမရဲ့အလှတရားတွေက လူငယ်တွေနဲ့အပြိုင်နုပျိုနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မယ်လိုဒီက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့လုပ်ကိုင်နေပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့ အတူ နေ့သစ်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Melody Myo fb account
Photo Credit - Melody Myo fb account

မယ်လိုဒီက ဖြူဖွေးနုဖက်နေတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး စမတ်ကျတဲ့ ခန္ဓာကိုယ်လေးနဲ့ ဘယ်လိုဖက်ရှင်တွေပဲ ဖြစ်ဖြစ်ဝတ်ဆင်တတ်ကာ လှပချောမောနေသူပဲဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း မယ်လိုဒီက ပရိသတ်တွေအတွက် သူမရဲ့ နေ့စဉ်လှုပ်ရှားနေတဲ့ ပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းလောက်တဲ့ ပုံလေးတွေကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာလည်း မယ်လိုဒီ က ပရိသတ်တွေချစ်အားပိုစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Melody Myo fb account
Photo Credit - Melody Myo fb account

ဒီဗီဒီယိုလေးထဲမှာတော့ မယ်လိုဒီ တို့သားအမိနှစ်ယောက်က မအိပ်ခင်လေးမှာ အနမ်းလေးတွေပေးကာ ကြည်နူးစရာ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သားလေးကလည်း ခေတ်စားနေတဲ့ နိုင်ငံခြားသီချင်းလေးကို ဆိုနေတာလေးက ချစ်ဖို့ကောင်းလောက်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အရမ်းကိုချစ်စရာကောင်းနေတဲ့ မယ်လိုဒီတို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Melody Myo fb account

Video & Source - Melody Myo fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။