ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပြီး တစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တာပဲဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit: Htet Htet Moe Oo ' s Facebook Page
Photo Credit: Htet Htet Moe Oo ' s Facebook Page

ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးခဲ့ပြီး ယနေ့အချိန်ပရိသတ်တွေရ​ဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရဟူထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ နုပျိုလှပနေကာ ချစ်စရာကောင်းနေဆဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ လွင်မိုး၊ကျော်သူဒွေး၊ အူဝဲတို့နဲ့အတူ ပျော်ရွှင်ရယ်မောခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုထုတ်ပြလိုက်ရပါတယ်။ 

Photo Credit: Htet Htet Moe Oo ' s Facebook Page
Photo Credit: Htet Htet Moe Oo ' s Facebook Page

သူမကတော့ " မနက်ဖြန်ကျ အကို (ဒွေး) နဲ့ အမှတ်တရတချို့ ပြောပြမယ်။ ဘယ်ရုပ်ရှင်က အမှတ်တရ ပြောပြမယ်ထင်လဲ ဒါရိုက်တာ ဦးစန်းအောင် ရိုက်ပေးတဲ့ ရုပ်ရှင်ကားကြီးနော် "ဆိုပြီး အမှတ်တရပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ပြည်သူချစ်အနုပညာရှင်နဲ့အတူ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Htet Htet Moe Oo ' s Facebook Page 

Photo Credit: Htet Htet Moe Oo ' s Facebook Page
Photo Credit: Htet Htet Moe Oo ' s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။