ဝါသနာပါရာ အလုပ်တွေကို စိတ်ပါဝင်စားစွာ ကြိုးစားတာကြောင့် အောင်မြင်မှုတွေ အမြဲရရှိနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ အမြဲ သွက်သွက်လက်လက်နဲ့ စကားပြောဆိုရာမှာလည်း ပွင့်လင်း လွန်းတာကြောင့် ပရိသတ်တွေ အားလုံးက ချစ်ပြီးရင်း ချစ်နေရတာလည်း ဖြစ်ပါတယ်။ ချီချီရဲ့  လက်ရှိအချစ်ရေးကတော့ Single အဖြစ်နဲ့ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Beautybynaychi’s Facebook Page
Photo Crd- Beautybynaychi’s Facebook Page
Photo Crd- Beautybynaychi’s Facebook Page

သူမဟာ အားလပ်ချိန်တွေမှာလည်း မိသားစုကို အချိန်ပေးလေ့ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ညီမဖြစ်သူကိုလည်း လိုအပ်တာတွေကို အမြဲထောက်ပံ့ပေးနေပြီး အနုပညာအလုပ်တွေကိုလည်း တဖြည်းဖြည်း လုပ်ကိုင်နိုင်အောင် သွန်သင်ပြသပေးနေတာပါ။ စိမ်းလဲ့ကတော့ လတ်တလောမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကြိုတင်လေ့လာ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Sane Let Yadanar’s Facebook Account
Photo Crd- Sane Let Yadanar’s Facebook Account
Photo Crd- Sane Let Yadanar’s Facebook Account

မနေ့ကလည်း စိမ်းလဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ ပြန်လည် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မေမေနဲ့အစ်မနှစ်ယောက်လုံးကိုညီအစ်မတွေလို့ထင်မှတ်မှားသွားရလောက်အောင်မိတ်ကပ်ပြင်ဆင်ခြယ်သပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Beautybynaychi’s Facebook Page and Sane Let Yadanar’s Facebook Account 

Photo Crd- Sane Let Yadanar’s Facebook Account
Photo Crd- Beautybynaychi’s Facebook Page
Photo Crd- Beautybynaychi’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။