အဆိုတော်အာဘွိုင်းကတော့ တစ်ချိန်ကအောင်မြင်​ကျော်ကြားခဲ့ပြီး လူကြိုက်များချစ်ခင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါအခိုင်အမာရယူထားနိုင်ခဲ့တဲ့ အာဘွိုင်းကတော့ ယခုမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတာပဲဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

Photo Credit: Kyaw Phyo Tun ' s Facebook Acc
Photo Credit: Kyaw Phyo Tun ' s Facebook Acc

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အာဘွိုင်းကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းနဲ့ မိသားစုဘဝလေးကို ချစ်ဇနီးချောလေးမြတ်ရတနာကျော်နဲ့အတူ ဖန်တီးတည်ဆောက်ထားနိုင်ခဲ့တဲ့ အာဘွိုင်းကတော့ ချစ်သမီးလေးScarlettကို ပိုင်ဆိုင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အာဘွိုင်းတို့ မိသားသုလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit: myat yandar kyaw ' s Facebook Acc
Photo Credit: Kyaw Phyo Tun ' s Facebook Acc

အာဘွိုင်းကတော့ ယခုမှာ မေမေက နားသန့်ရှင်းရေးလုပ်ပေးနေလို့ ဇိမ်ပြေနပြေနဲ့ ငြိမ်နေတဲ့ ချစ်သမီးလေးScarlettကို ဗီဒီယိုလေးရိုက်ပြီး အချစ်ပိုနေခဲ့ပါတယ်။ Scarlettလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မြတ်ရတနာကျော်တို့ သားအမိနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Kyaw  Phyo Tun ' s Facebook Acc Myday

Photo Credit: Kyaw Phyo Tun ' s Facebook Acc
Photo Credit: Kyaw Phyo Tun ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။