ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာ ရပ်တည်လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ချစ်စရာအပြုအမူလေးတွေကြောင့် ပရိသတ်တွေ ချစ်အားပိုခဲ့ရသူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မေမြင့်မိုရ်က ကြော်ငြာတွေအပြင် ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

Photo Credit - May Myint Mo fb account
Photo Credit - May Myint Mo fb account

မေမြင့်မိုရ် ဟာ လတ်တလော အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ခဏတာရပ်နားပြီးအိမ်မှာပဲ အနားယူနေတာ ဖြစ်ပါတယ်။ မကြာခဏ ဆိုရင်လည်း သူမရဲ့ နေ့စဥ်လှုပ်ရှာမှုပုံရိပ်လေးတွေ နဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုတစ်ခါမှာလည်း မေမြင့်မိုရ် က ပရိသတ်တွေ ငေးမောသွားရလောက်မယ့် အလန်းစားပုံရိပ်လေးတွေကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - May Myint Mo fb account
Photo Credit - May Myint Mo fb account

ဒီပုံလေးတွေထဲမှာတော့ မေမြင့်မိုရ် က ကြည်လင်ဝင်းပနေတဲ့ အသားအရေလေးတွေအပြင် စူးရှတဲ့ အကြည့်စူးစူးလေးတွေနဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မေမြင့်မိုရ် က " လွမ်းရင် မျက်ဝန်းတွေကိုသတိရပါ" ဆိုတဲ့ caption လေးနဲ့ ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ ရင်ခုန်စရာကောင်းတဲ့ အလန်းစားပုံလေးတွေနဲ့ ဖမ်းစားထားတဲ့ မေမြင့်မိုရ် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - May Myint Mo fb account
Photo Credit - May Myint Mo fb account

Photo Credit - May Myint Mo fb account

Source - May Myint Mo fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။