အနုပညာလောကမှာ ဟာသဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်အားပေးမှုတွေကို ရရှိလာတဲ့ သူကတော့ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဥ်မြင့်မိုရ် ပဲဖြစ်ပါတယ်။ သူမဟာ အနုပညာပယ်မှာ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေပြီး ယုံကြည်ရာလမ်းကို လျှောက်လှမ်းနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း နှိုင်းယှဥ်မြင့်မိုရ် က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး အလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit -Nhying Shin fb account
Photo Credit -Nhying Shin fb account

ဒါ့အပြင် နှိုင်းယှဥ်မြင့်မိုရ် ဟာ စိတ်သဘောထားပြည့်ဝပြီး စကားပြောပွင့်လင်းသူဖြစ်ကာ ရိုးသားကြိုးစားမှုတွေကြောင့် အနုပညာမောင်နှမတွေက ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သူမရဲ့ ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေအပြင် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာတော့ ပရိသတ်တွေ ကြည်နူးစေမယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit -Nhying Shin fb account
Photo Credit -Nhying Shin fb account

ဒီပုံလေးတွေကတော့ နှိုင်းယှဥ်မြင့်မိုရ် ဟာ သူမရဲ့ စိတ်သဘောထားပြည့်ပြည့်နဲ့ အကောင်းဆုံးကြိုးစားမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အလုပ်ရှင်ဖြစ်သူက တန်ဖိုးကြီးပစ္စည်းလေးကို ဂုဏ်ပြု လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း နှိုင်းယှဥ်မြင့်မိုရ် က " ကဲ သူဌေးက သမီးကို လက်ဆောင်တဲ့အားနာနာနဲ့ ယူခဲ့လိုက်ပါတယ် အဟီး" ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ရိုးသားကြိုးစားမှုတွေကြောင့် တန်ဖိုးကြီးပစ္စည်းလက်ဆောင်လေးနဲ့ ဂုဏ်ပြုခြင်းခံရတဲ့ နှိုင်းယှဥ်မြင့်မိုရ် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Nhying Shin fb account
Photo Credit -Nhying Shin fb account

Photo Credit -Nhying Shin fb account

Source - Nhying Shin fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။