ပရိသတ်ကြီးရေ.....အမိုက်စား rapစာသားတွေနဲ့ပရိသတ်တွေအကြိုက်တွေ့စေတဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်ကျော်ထွဋ်ဆွေကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ rapperတစ်ယောက်အနေနဲ့ ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာရပ်တည်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတာလည်းဖြစ်ပါတယ်.....။

ကျော်ထွဋ်ဆွေဟာ နန်းသူဇာနဲ့လည်း ချစ်စရာကောင်းပြီး ပရိသတ်တွေအားကျရတဲ့ relationshipတစ်ခုကိုတည်ထောင်ထားတာလည်းဖြစ်ပါတယ်နော်။ ကျော်ထွဋ်ဆွေဟာ မိသားစုနဲ့လည်းပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ ညီမလေးနဲ့ပုံကိုတင်ပေးပြီး အလင်းပြလိုက်တာဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေဟာ ဒီအကြောင်းအရာလေးကို သူ့ရဲ့ Facebookစာမျက်နှာမှာ "ယောက်ဖလေး လား ယောင်းမလေး လား " ဆိုတဲ့ captionလေးနဲ့အတူနှစ်ယောက်တွဲ selfieပုံလေးတွေတင်ပြီး ချစ်စရာကောင်းတဲ့ သူ့ရဲ့ညီမလေးကိုထုတ်ကြွားလိုက်တာဖြစ်ပါတယ်နော်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source& photo credit-Kyaw Htut Swe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။