အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းသည် နယ်သာလန််လိဂ်ကလပ် အေဂျက်အသင်း၏ တက်သစ်စကစားသမားလေးရီဒန်ကိုခေါ်ယူနိုင်ခဲ့ပြီဟုသိရှိရသည်။ 

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်နှင့်မန်ချက်စတာစီးတိီးတို့အပြင် ဘွန်ဒက်လီဂါကလပ်အသင်းဖြစ်တဲ့ အာဘီလိုက်ပစ်ဇ်အသင်းတို့သည် အေဂျက်အသင်း၏ တက်သစ်စကစားသမားလေးရီဒန်ကို စိတ်ဝင်စားစောင့်ကြည့်နေခဲ့တာပါ။

သို့သော် အသက်၁၆နှစ်အရွယ်ရှိ နယ်သာလန်ကစားသမားလေး ရီဒန်သည် သူ့နာမည်ဖြင့်ချယ်ဆီးဂျာစီဝတ်ကာ အင်တာနက်တွင်တင်ခဲ့သောကြောင့် ချယ်ဆီးအသင်းကခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု မီဒီယာများကဖော်ပြနေသည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။