Marvel Comic ရဲ့နာမည်ကျော် စူပါဟီးရိုး Spidermanကတော့ ပိတ်သားပြင်ထက်ကိုတစ်ဖန်ပြန်ရောက်လာပြီဖြစ်ပြီး ယခုနှစ် ဂျူလှိုင် ၇ ရက်တွင် ကမ္ဘာ့အနှံ့ရုံတင်ပြသသွားတော့မှာပါ။  

Spidermanဇာတ်ကောင်မှုပိုင်ခွင့်ကိုပိုင်ဆိုင်ထားတဲ့ Sonyက လက်ရှိMCUကိုရိုက်ကူးနေတဲ့ Marvelကိုပိုင်ဆိုင်တဲ့ Disneyနှင့်သဘောတူညီမှုအချို့ရယူထားသောကြောင့် ယခု Spiderman: Homecoming အနေနှင့် MCU ထဲမှာပါဝင်လာမှာဖြစ်ပြီး Iron Manလဲပါဝင်လာပါတယ်။

Spiderman: Homecoming ရုပ်ရှင်ကားမှာ ငယ်ငယ်ရွယ်ရွယ် ပီတာပါကားတစ်ယောက် လူတွေကိုကူညီဖို့ကြိုးစားရင်း အမှားယွင်းတစ်ချို့လုပ်မိကာ Vulture(လင်းတ) အမည်ရှိလူဆိုးတစ်ယောက်နှင့် ထိပ်တိုက်တွေ့ပုံကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ရိုက်ပြထားပါတယ်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။