Zoe Cierezko လို့ခေါ်တဲ့ အသက် 37 နှစ်အရွယ်အမျိူးသမီးဟာ ပြီးခဲ့တဲ့လက သူမရဲ့ခြံထဲက ဥယာဥ်လေးမှာမိသားစုနဲ့အတူ မီးပုံပွဲလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီပုံပွဲလေးဟာ အထမြောက်ခဲ့ပေမယ့် အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်ခဲ့ခြင်းမရှိပါဘူး။

Photo credit; Metro

ဘာကြောင့်လဲဆိုရင် Zoe Cierezko ဟာ မီးပုံထဲကမီးကို ပိုတောက်အောက် ဓာတ်ဆီကိုအသုံးပြုနေစဥ် သူမရဲ့ dress ကိုမီးစွဲသွားခဲ့တာကြောင့်ပါ။

Zoe Cierezko ဟာဆိုရင်လည်း မီးစွဲသွားတဲ့ သူမရဲ့ ဝတ်စုံကြောင့် ကြောဘက်တစ်ခြမ်းလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

Photo credit; Metro

သူမရဲ့ မီးလောင်ခံရတဲ့ ဒဏ်ရာဟာ ဘယ်လောက်ထိ အခြေအနေဆိုးသွားသလဲဆိုရင်တော့ ယခုမြင်တွေ့နေရတဲ့ ပုံတွေထဲကအတိုင်းပါပဲ။

Zoe ဟာ သူမရဲ့ ဒီမီးလောင်ဒဏ်ရာကို အချိန်တော်တော်ကြာအောင်ကို ခံစားခဲ့ရပါတယ်။

အမှတ်မထင်လုပ်ရပ်လေးတစ်ခုကနေ Zoe လိုဝေဒနာမျိူးမခံစားရအောင် ပရိသတ်တွေလည်း မီးနဲ့ပတ်သတ်တာတွေ လုပ်တဲ့အခါ သတိထားကြဦးနော်။

Photo credit; Metro
Photo credit; Metro

Source; Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။