အလုပ်နဲ့လက်နဲ့မပြတ် အမြဲထိုင်ပြီးလုပ်နေရတဲ့ သူတွေရှိလား! အထူးသဖြင့် ကွန်ပြူတာရှေ့အမြဲထိုင်လုပ်နေရတဲ့ ဝန်ထမ်းတွေက ပိုဂရုစိုက်သင့်ပါတယ် .အထိုင်များခြင်းရဲ့ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာတတ်လည်းဆိုတာ သိပြီးပြီလား

တစ်နေ့တစ်နေ့ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းလေလေ၊ နှလုံးနဲ့ပတ်သက်တဲ့ရောဂါများ၊ ကင်ဆာရောဂါများ၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါများ ဖြစ်ပွားနှုန်းများလေလေ ဖြစ်တယ်လို့ ကျန်းမာရေးသတင်းတစ်ပုဒ်မှာဖော်ပြလာပါတယ်။

အထိုင်များသူများစာရင်းမှာ ရုံးဝန်ထမ်းများ၊ ကားမောင်းသမားများက ထိပ်ဆုံးကပါဝင်နေပြီး အဲဒီလူများအနေနဲ့ ကိုယ် လက်လှုပ်ရှားမှုကို အချိန်ယူပြီးလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ကိုယ်လက်လှုပ်ရှားမှုကို ဂရုတစိုက်လုပ်တတ်သူများဟာ ကိုယ်လက်လှုပ်ရှားမှုနည်းသူများထက် ပိုကျန်းမာတယ်ဆိုတာ သိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အထိုင်များတဲ့အကျင့်ကို တတ်နိုင်သမျှ နည်းအောင်သတိထားသင့်ပါတယ်။

ရုံးအလုပ်လုပ် တဲ့ဝန်ထမ်းများဟာအလုပ်သဘောသဘာဝအရ အချိန်ကြာမြင့်စွာအလုပ်စားပွဲမှာထိုင်ရလေ့ရှိပါတယ်။ ဒီအချက်ဟာ သင့် ကျန်းမာရေးကို အကြီးအကျယ် ဒုက္ခပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ ခန္ဓာကိုယ် ထဲက စွမ်းအင်ထုတ်ပေးမှုအဆင့်ကို ကျဆင်းစေပါတယ်” လို့ Kanas State University ရဲ့ လူသားအာဟာရ ဋ္ဌာန မှ လက်ထောက်ပါမောက္ခ Richard Rosenkranz က ဆိုပါတယ်။

ဒီသုတေသနပြုမှုအတွက် အသက် (၄၅) မှ (၆၅) အတွင်းရှိတဲ့ သြစတြေးလျန်းအမျိုးသား ခြောက်သောင်းကျော်ကို လေ့ လာခဲ့ပါတယ်။ သူတို့ဟာ အထက်မှာဖော်ပြထားတဲ့ရောဂါများကို ကာလရှည်ကြာစွာခံစားရသူများဖြစ်ပြီး သူတို့ကို အဓိက ထား မေးမြန်းခဲ့တာကတော့ တစ်နေ့ကို အချိန်ဘယ်လောက်ကြာကြာ ထိုင်လေ့ရှိသလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တစ်နေ့ ကို လေးနာရီထက်မနည်း ထိုင်သူများဟာ လေးနာရီထက်နည်းပြီး ထိုင်သူများထက် အထက်ပါရောဂါများကို ပိုမိုခံစားရ တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ တစ်နေ့ကို ခြောက်နာရီထက်ပိုပြီး အထိုင်များသူများကတော့ဆီးချိုရောဂါဖြစ်ပွားဖို့ အခွင့်အရေးပိုရှိနေပြီး ရှစ်နာရီထက်ပိုပြီး အထိုင်များကတော့ ဒီရောဂါတွေဖြစ်ဖို့ သေချာသလောက်ရှိနေကြာင်းလည်း ဖြည့်စွက်ရေးသားထားပါတယ်။

"ကိုယ်လက်လှုပ်ရှားကို ပုံမှန်မလုပ်ခြင်းဟာ ပြဿနာကြီးမဟုတ်ပေမဲ့၊ အထိုင်များခြင်းကတော့ တကယ့်ပြဿနာကြီးဖြစ် ပါတယ်” လို့ အတိအကျ သတိပေးထားပါတယ်။

ဒီသုတေသနပြုမှုကို International Journal of Behavioral Nutrition and Physical Activity ရဲ့ အွန်လိုင်းစာမျက်နှာ မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

သတင်းအရင်းမြစ် myanmar people mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။