ဇာတ်ကားရိုက်ကွင်းထဲကပုံရိပ်တွေကတော့ လူမှုကွန်ရက်မှာ ဝက်ဝက်ကွဲ လူကြိုက်များနေပါတယ်။

စိန်ဘယက်ဆေးကြော်ငြာထဲမှာ ကလေးသရုပ်ဆောင်ဘဝကနေ ပရိသတ်တွေစပြီး သတိထားမိတဲ့ သရုပ်ဆောင် သူရိယကတော့ ပရိသတ်အခိုင်အမာရရှိထားပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရပါတယ်။

သူရိယ ဟာ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲထဲမှာလည်း အလင်းရောင် ၊ ယွန်းယွန်း အေးမြတ်သူတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအသိအမှတ်ပြုခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။

လက်တလောမှာတော့ မင်းသားချောလေး သူရိယတစ်ယောက် ထပ်မံရိုက်ကူးနေတဲ့ ဖေ့ဘုတ်စ်ရွာ(၂) ရုပ်ရှင်ဇာတ်ကားကြီးမှာ လူရိုင်းဝတ်စုံဝတ်ကာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ် ။ ရိုက်ကူးနေဆဲဖြစ်တဲ့ ဖေ့ဘုတ်စ်ရွာ(၂)ကတော့ အားလုံးကြည့်ဖူးထားတဲ့ ဟာသဇာတ်ကားလေးဖြစ်ပြီး ခိုင်သင်းကြည် အပါအဝင်လူမင်း၊ သူရိယ စတဲ့ အနုပညာရှင်များစွာလည်း ပါဝင်တယ်လို့ သိရပါတယ်။

ရိုက်ကွင်းပုံရိပ်တွေကို သူရိယက သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတင်ထားပြီး လူရိုင်းခေါင်းဦးထုပ် ကို ကူညီပေးတဲ့ သရုပ်ဆောင်မေပန်းချီကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။  

သတင်းအရင်းမြစ် thuyi ya fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။