တနေ့ နှင့် တနေ့ ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ အသစ်အသစ်တွေကို အမြဲမြင်တွေ့ရစမြဲပါ။ ပစ္စည်းအသစ်တွေလည်း တစ်နေ့ နှင့် တစ်နေ့ ထွင်လာကြသလို အစားအသောက်တွေ လည်း တစ်နေ့နှင့် တစ်နေ့ အသစ်တွေ ပေါ်ထွက်လာပါတယ်။ ဒီတစ်ခေါက်အလှည့်ကျတာကတော့ ထိုင်းနိုင်ငံက အသစ်ထုတ်လိုက်တဲ့ အီးတုံး ကျောက်ကျောပါ။

သူကတော့ အီးတုံးပုံစံ ခွက်ကလေးထဲကို ကျောက်ကျောရယ်၊ အုန်းနို့ရယ်၊ food color ရယ်ကို အချိုးကျကျရောစပ်ကာ ပြုလုပ်ထားတဲ့ မုန့်ဖြစ်ပြီး ထိုင်းနိုင်ငံမှာတော့ အခုလောလောဆယ်ခေတ်စားနေတယ်လို့သိရပါတယ်။ တစ်ခုကို တစ်ဒေါ်လာ မြန်မာငွေ ၁၀၀၀ နှင့် ရောင်းချနေတယ်လို့လဲ သိရပါတယ်။

သူ့ရဲ့ ပုံစံ နှင့် အရောင်ကလည်း တကယ့်ကို အီးတုံး နှင့် ပုံစံ တူလွန်းလို့ ရွံတဲ့ သူတွေလဲ ရှိသလို အထူးအဆန်းကို ကြိုက်နှစ်သက်တဲ့ သူတချို့ကလည်း စားဖို့ တန်းစီနေပါတော့တယ်။ ရန်ကုန်မှာ ခဏခဏ လုပ်နေတဲ့ bkknight market မှာဒီလိုမျိုးမုန့်ရောင်းခဲ့ရင်သင်ရောသွားစားမှာလား? ရွံတတ်တဲ့ သင့်သူငယ်ချင်းတွေကို mention ခေါ်ပြီးမေးကြည့်လိုက်ပါဦး

Source : Radio one and says

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။