ပရိသတ်ကြီးရေ...Rapအဆိုတော် Bobby Soxer (ထက်ထက်) ကတော့ သူမရဲ့ ကောင်းမွန်လှတဲ့ ပင်ကိုယ်အသံနဲ့ သီချင်းကောင်းတွေကို သီဆိုလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ရေးသားထားတဲ့ တေးသီချင်းတွေနဲ့ တစ်ကိုယ်တော် အယ်ဘမ်လ်ထွက်ရှိအောင်မြင်ထားတဲ့ ထက်ထက်က အခုလက်ရှိမှာလည်း သီချင်းကောင်းတွေထွက်ရှိနိုင်ဖို့အတွက် ကြိုးစားလုပ်ကိုင်နေသူပါ။ 

Photo credit - Htet Htet Aung's Facebook Account
Photo credit - Htet Htet Aung's Facebook Account

ဒါ့အပြင် သူမရဲ့ ချစ်သူ အဆိုတော် လွှမ်းပိုင်ကလည်း အမြဲလိုလို စိတ်ချမ်းသာပျော်ရွှင်မှုပေးပြီး နားလည် ဂရုစိုက်တာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားကျချစ်ခင်မှုကို အပြည့်အဝပိုင်ဆိုင်ထားသူပါ။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကလည်း ၁၁နှစ်ကျော်ရှိပြီဖြစ်လို့ ကောင်းမွန်တဲ့ အချစ်ရေးလေးပါနော်။ ထက်ထက်က သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေဆီ ချပြလေ့ရှိသူဖြစ်ပြီး ယနေ့မှာလည်း အခန်းရဲ့ အပြင်အဆင်လေးတွေကို တင်ပေးလာပြန်ပါတယ်နော်။

Photo credit - Htet Htet Aung's Facebook Account
Photo credit - Htet Htet Aung's Facebook Account

ထက်ထက်က မိန်းကလေးဆန်ဆန် ပန်းနုရောင်ကာလာလေးနဲ့ သူမရဲ့ အခန်းလေးကို နေချင်စဖွယ်ကောင်းအောင် စိတ်တိုင်းကျပြင်ဆင်ထားတဲ့ ဗီဒီယိုလေးကို Facebook mydayမှာ တင်ပေးလာတာပါ။ 

ကဲ...ချစ်ရတဲ့ ပရိသတ်တွေ နိုင်ငံကျော်အဆိုတော် Bobby Soxer ရဲ့ ကိုယ်ပိုင်အခန်းလေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Htet Htet Aung's Facebook Account
Photo credit - Htet Htet Aung's Facebook Account

Source & Photo credit - Htet Htet Aung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။