ချစ်ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်အောင် ဖန်တီးပေးနေကြပြီး ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့တဲ့ ဇာတ်သဘင်အဖွဲ့အစည်းကြီးဟာဆိုရင်လည်း ယနေ့ခေတ်ထိတိုင်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်နေကြဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲဇာတ်သဘင်မင်းသားတွေထဲမှာ ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့လို ဇာတ်မင်းသားတွေကလည်း ပရိသတ်တွေအတွက် အမြဲကြိုးစားနေကြတာဖြစ်ပြီး ညီအစ်ကို အရင်းတွေကို ချစ်ချစ်ခင်ခင်နဲ့ နေထိုင်လေ့ရှိသူတွေပါ။ 

Photo credit - Han Zar Moe Win's Facebook Account

ဇာတ်မင်းသားတွေဖြစ်ကြပေမယ့် အမြဲရယ်မောပျော်ရွှင်နေတတ်ပြီး စနောက်တတ်သူတွေဖြစ်လို့ ပရိသတ်တွေကလည်း ကြိုက်နှစ်တာကို တွေ့ရပါတယ်နော်။ ယခုလို Covid ကာလမှာတော့ ဇာတ်ပွဲတွေမရှိတော့တဲ့အတွက် အိမ်မှာပဲ မိသားစုနဲ့အတူ နားနားနေနေ နေထိုင်နေတာဖြစ်ပြီး အပျင်းပြေ TIKTOK ဗီဒီယိုဆော့ကစားလေ့ရှိတာပဲ ဖြစ်ပါတယ်။ ယနေ့မှာလည်း ညီအစ်ကိုတွေ ပျော်ပျော်ပါးပါးရိုက်ကူးထားတဲ့ Tiktok လေးကို တင်ပေးလာပြန်ပါတယ်။

Photo credit - Han Zar Moe Win's Facebook Account

တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းတို့နှစ်ယောက်က သဘင်အစည်းအရုံး ဥက္ကဋ္ဌ မင်းသားဖိုးချစ်ကို i phone 12 ပူဆာနေတာပဲ ဖြစ်ပါတယ်။ အားကိုးတကြီးနဲ့ ပူဆာနေတဲ့ ဗီဒီယိုလေးက ကြည့်မိသူတိုင်း အကြိုက်တွေ့မိစေမှာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ပရိသတ်တွေကလည်း Tiktok လေးကို ကြည့်ပြီး Commentမှာ တစ်ခုခု ရေးသားခဲ့ပါအုန်းနော်....... ။

Photo credit - Han Zar Moe Win's Facebook Account

Photo credit - Han Zar Moe Win's Facebook Account 

Source & Video credit - Han Zar Moe Win's Tiktok account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။