ရွှေနှစ်ရွှေတို့ စုံတွဲလေးကတော့ အမြဲလိုလို Romantic ဆန်နေတာပါနော်။ လူငယ်စုံတွဲလေးဖြစ်လို့ ကြည်နူးစရာကောင်းပြီး အရမ်းချစ်ကြတာကိုလည်း တွေ့ရပါတယ်။ အနုပညာလမ်းကြောင်းထက်မှာလည်း နေရာအခိုင်အမာနဲ့ ပရိသတ်အားပေးမှုအပြည့်အဝရရှိထားတာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ အနုပညာအလုပ်တွေကိုလည်း နှစ်ယောက်အတူတွဲဖက်လုပ်ကိုင်တာကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါ။

Photo credit- Shwe Htoo's Fb Account
Photo credit- Shwe Htoo's Fb Account

အိမ်ထောင်သက်တမ်း မကြာသေးပေမယ့် နားလည်မှုအပြည့်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ကို လူငယ်ပရိသတ်တွေ တစ်ခဲနက်အားပေးဝန်းရံတာကိုလည်း တွေ့ရပါတယ် ။ မကြာခဏဆိုသလိုလည်း လူမှုကွန်ယက်ထက်မှာ ကြည်နူးစရာကောင်းလှတဲ့ စုံတွဲပုံရိပ်လေးတွေကို မျှဝေပေးလျှက်ရှိနေပြီး Romantic ဆန်လွန်းသူတွေပါ။

Photo credit- Shwe Htoo's Fb Account
Photo credit - Bling Bling Photography

ယနေ့မှာတော့ ရွှေထူးက ဇနီးသည်လေး ရွှေမှုန်အချစ်ပိုရလောက်အောင် ဂတုံးမရိပ်မိအချိန်က ပုံလေးတွေကို တင်ပေးလာတာပါ။ ချောမောခန့်ညားတဲ့ ရွှေထူးရဲ့ ပုံလေးတွေအပြင် " ဂတုံးမဖြစ်ခင် မိနစ်ပိုင်းအလိုမှ ပုံများ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ရွှေထူးရဲ့ ယောကျာ်းပီသပြီး ကြည့်ကောင်းတဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ဒါ့အပြင် ပရိသတ်ကြီးက ရွှေထူးနဲ့ ရွှေမှုန်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက အားပေးကြမယ်မလား...... ။

Photo credit - Bling Bling Photography
Photo credit - Bling Bling Photography

Source - Shwe Htoo's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။