အနုပညာလောကမှာ နေရာတစ်ခုကို ရပ်တည်ထားနိုင်တဲ့ အဆိုတော် စိန်လင်းကတော့ ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူပါ။ နယ်ပွဲတွေမှာ အမြဲလိုလို သွားရောက်ဖျော်ဖြေလေ့ရှိတဲ့ စိန်လင်းက ယခုလို ကိုဗစ်ကာလမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားရတာလည်း ဖြစ်ပါတယ်။ အသံကောင်းလွန်းတဲ့ သူ သီဆိုထားတဲ့ သီချင်းလေးတွေကိုလည်း ပရိသတ်တွေက အကြိုက်တွေ့ကြတာကို တွေ့ရပါတယ်။

Photo credit - Aroma
Photo credit - Aroma
Photo credit - Aroma

ယခုလိုအချိန်မှာ စိန်လင်းက အိမ်မှာပဲ သူချစ်တဲ့မိသားစုနဲ့အတူ အချိန်တွေကို ကုန်ဆုံးလေ့ရှိသူပါ။ ယနေ့ကျရောက်တဲ့ သူရဲ့ မွေးနေ့လေးမှာတော့ စိန်လင်းက မိဘနှစ်ပါးကို များစွာသော ငွေ​ကြေး သိန်း၅၀၀ကျပ်နဲ့ ကန်တော့လိုက်တာပဲ ဖြစ်ပါတယ်။ စိန်လင်းက သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ မိဘနှစ်ပါးကို လက်အုပ်ချီကာ ကန်တော့နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလာတာပါ။

Photo credit - Aroma
Photo credit - Aroma
Photo credit - Aroma

ကြည်နူးစရာပုံရိပ်လေးတွေအပြင် " မွေးနေ့အမှတ်တရ မိဘနှစ်ပါးအား သိန်း ၅၀၀ ကျပ်ဖြင့် ကန်တော့ကာ ကျေးဇူးဆပ်လိုက်ရတဲ့ ပီတိလေးကလည်း ဒီနှစ် ၂၀၂၀ ရဲ့ ပကာသနမပါ အဓိပ္ပာယ်ရှိတဲ့ ကုသိုလ်လေးပါပဲခင်ဗျာ။" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...သူကြိုးစားရှာဖွေထားတဲ့ အနုပညာငွေကြေးလေးနဲ့ မိဘနှစ်ပါးကို ကန်တော့လိုက်တာဖြစ်လို့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Aroma
Photo credit - Aroma
Photo credit - Aroma

Photo credit - Aroma

Source - Sein Linn aroma's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။