တစ်ချိန်က အမျိုးသားထုတွေကြား နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ သရုပ်ဆောင် မေထွဋ်ခေါင်ကတော့ မပျက်စီးသေးတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ယနေ့တိုင်ရရှိထားဆဲဖြစ်ပါတယ် ။ နက်မှောင်လှပတဲ့ ဆံကေသာတွေနဲ့ ချိုသာလှတဲ့ အပြုံးလေးတွေကြောင့် ကလေးနှစ်ယောက်ရရှိသည့်တိုင်အောင် အလှမပျက်ပဲ ဆတိုးလှပလာတာကိုလည်း တွေ့ရပါတယ်။

Photo credit - May Htut Khaung's FB account
Photo credit - May Htut Khaung's FB account

သားသားလေးနဲ့ မီးမီးလေးအပြင် သူမက တတိယမြောက်ကိုယ်ဝန်ကိုလည်း လွယ်ထားပါသေးတယ်။ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ မေထွဋ်ခေါင်က အနုပညာလှုပ်ရှားမှုတွေနဲ့ အလှမ်းဝေးကွာနေပေမယ့် ပရိသတ်နဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ အဆက်အသွယ်ရှိနေဆဲဖြစ်ပါတယ်။ လှုပ်ရှားမှုလေးတွေတိုင်းကို ဖေ့ဘွတ်စာမျက်နှာထက်မှာ အမှတ်တရအဖြစ် တင်လေ့ရှိတဲ့ သူမက ယနေ့မှာ Live ဗီဒီယိုလေး လွှင့်ပေးလာပြန်ပါတယ်။

Photo credit - May Htut Khaung's FB account
Photo credit - May Htut Khaung's FB account

ဒါကတော့ သူမ အဒေါ်ဖြစ်သူရဲ့ မွေးနေ့မှာ မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ မုန့်တွေစားရင်း ပျော်ရွှင်နေတာပါ။ မေထွဋ်ခေါင်က သူမကိုယ်တိုင် အချိန်ပေးပြီး ချက်ထားတဲ့ မာလာရှမ်းကောကိုလည်း ပရိသတ်တွေကို ကျွေးနေခဲ့တာဖြစ်ပြီး မေးသမျှမေးခွန်းတိုင်းကိုဖြေကာ တရင်းတနှီးစကားပြော Liveလွှင့်နေတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ 

Photo credit - May Htut Khaung's FB account
Photo credit - May Htut Khaung's FB account

Source & Photo credit - May Htut Khaung's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။