နိုင်ငံကျော် အဆိုတော်ကြီး ချစ်ကောင်းကတော့ သူရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ အိမ့်ချစ်ကို ဂီတလမ်း​ကြောင်းပေါ်မှာ ရပ်တည်လျှောက်လှမ်းနိုင်အောင် ပံ့ပိုးပေးခဲ့ပြီပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က ဖခင်ရဲ့ အနုပညာအမွေကို ထိုက်ထိုက်တန်တန်ရရှိဆက်ခံထားသူဖြစ်ပြီး ဂီတလမ်းကြောင်းမှာလည်း ထိပ်တန်းအဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေတာပါ။ 

Photo credit - Eaint Chit's FB account
Photo credit - Eaint Chit's FB account

ယခုလက်ရှိမှာတော့ အိမ့်ချစ်က သူမရဲ့ ခင်ပွန်းသည်ရှိရာ နိုင်ငံခြားမှာ ရောက်ရှိနေတာအတော်ကြာပြီပဲ ဖြစ်ပါတယ်။ မကြာမီအချိန်မှာတော့ အိမ့်ချစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ခင်ပွန်းသည်နဲ့ လက်ထက်အပြီးမှာ ကံတွေကောင်းနေတဲ့ အိမ့်ချစ်တစ်ယောက် ယခုမှာလည်း ရန်ကုန်မရောက်သေးတာတောင် အလုပ်တွေကို ကမ်းလှမ်းခံနေရပြီပဲ ဖြစ်ပါတယ်။ 

Photo credit - Eaint Chit's FB account
Photo credit - Eaint Chit's FB account

မ့်ချစ်က " လူကရန်ကုန်ပြန်မရောက်သေးဘူး Live တွေကချိတ်ပြီးနေပြီ November လထဲမှာ ပရိသတ်တွေနဲ့ လိုင်းပေါ်ကနေ ခဏခဏဆုံရတော့မှာမို့ရင်ခုန်နေပါပြီ သီချင်းဆိုရမယ့် Live တွေရော Sales လုပ်ပေးရမယ့် Live တွေရော ပျော်သည်ပျော်သည်ဟေ့ " ဆိုပြီး အားရဝမ်းသာရေးသားလာတာပါ။ ကဲ... ချစ်ပရိသတ်တွေလည်း အိမ်ထောင်ရေးကံကောင်းတဲ့ အိမ့်ချစ်ရဲ့ ပုံရိပ်လေးတွေနဲ့ စာသားလေးကို ဖတ်ရှုစေနိုင်ရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo credit - Eaint Chit's FB account
Photo credit - Eaint Chit's FB account

Source & Photo credit - Eaint Chit's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။