ပုရိသတွေရဲ့အသည်းစွဲလေးတစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ် လုလုအောင်ကတော့ သူမရဲ့အလှအပတွေကြောင့် ပရိသတ်တွေကစတင်သတိထားမိလာကြပြီး အားပေးဝန်းရံလာကြတာဖြစ်ပါတယ်။ လုလုအောင်ကို သူမရဲ့ချစ်ပရိသတ်တွေက ခေးကြီးလုလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ် အားပေးနေကြတာပါနော်။ လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်မှာတော့ လုလုအောင်ကလည်း သူမ ချစ်ရတဲ့ မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာကို တွေ့ရပါတယ်။ 

Photo credit - Lulu Aung's FB account
Photo credit - Lulu Aung's FB account

အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်ထက်မှာ အလန်းစားပုံရိပ်လေးတွေကို ဝေမျှလေ့ရှိသူလည်း ဖြစ်ပါတယ်။ ကလေးတစ်ယောက် မိခင်ဖြစ်ပေမယ့် အပျိုရှုံးလောက်အောင် လှရက်လွန်းတဲ့ မျက်နှာလေးနဲ့ တောင့်တင်းလှပတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းအလှတွေကြောင့် ယောကျာ်း​လေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ အားကျချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူပါ။

Photo credit - Lulu Aung's FB account
Photo credit - Lulu Aung's FB account

ယနေ့မှာတော့ လုလုအောင်က အဖြူရောင်လေးနဲ့ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ ပုံလေးတွေကို တင်ပေးလာရင်း " အခုတလော ထမင်းစားသလို နေ့တိုင်း ပြောဖစ်တဲ့စကားကတော့ ဝမ်းသာတယ် ပျော်ရွှင်တယ် ကျေးဇူးတင်တယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးအတွက် ခေးကြီးလုရဲ့ ပုံအလန်းလေးတွေကို ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Lulu Aung's FB account
Photo credit - Lulu Aung's FB account

Source & Photo credit - Lulu Aung's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။