ယနေ့အချိန်ထိတိုင် စီးပွားရေးလောကမှာရော အနုပညာလောကမှာပါ အောင်မြင်မှုများစွာ သိမ်းပိုက်ရရှိထားတဲ့ မိုးဟေကိုကတော့ ယောကျာ်းလေးပရိသတ် ၊ မိန်းကလေးပရိသတ်အမြောက်အများရဲ့ အားပေးမှုကို တစ်ခဲနက်ပိုင်ဆိုင်ထားသူပါ။ သူမက ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးလေ့ရှိသူဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်လက်အပါအဝင်ပါနော်။

Photo credit - Haw
Photo credit - Haw

မိုးက ကျစ်လျစ်သွယ်လျတဲ့ Bodyမိုက်မိုက်လေးကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်တွေကိုလည်း မြင်သူငေးရလောက်အောင် ဝတ်ဆင်တတ်သူမို့ အများက ဖက်ရှင်နတ်မိမယ်လေးလို့လည်း တင်စားခေါ်ဝေါ်ကြတာကို တွေ့ရပါတယ်။ ယနေ့အချိန်ထိတိုင် အိမ်ထောင်မပြုပဲ အပျိုကြီးဘဝနဲ့ အရိုးထုတ်နေသူမို့ ပုရိသတွေရဲ့ အားပေးဝန်းရံမှုကိုလည်း အပြည့်အဝရရှိသူပါ။ အမြဲ မိမိုက်နေတဲ့ ဖက်ရှင်အလန်းလေးတွေနဲ့ ဖမ်းစားတတ်တဲ့ မိုးက ယနေ့မှာလည်း ခြွေချလိုက်ပြန်ပါပြီနော်။

Photo credit - Haw
Photo credit - Haw

မိုးက လုံလုံခြုံခြုံဖက်ရှင်လေးနဲ့ ကျော့ရှင်းလှပတဲ့ အလန်းစားပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်ထက်မှာ ဝေမျှပေးလာသူမို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုရင်း အချစ်ပိုစေရန်အတွက် Myanmarload စာမျက်နှာထက်မှာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။ ကဲ... မင်းသမီးချောလေး မိုးဟေကိုရဲ့ အလန်းစားပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်နော် ။ 

Photo credit - Haw
Photo credit - Haw
Photo credit - Haw

Photo credit - Haw

Source - Moe Hay Ko's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။