ပရိသတ်တွေချစ်ခင်စွာနဲ့မခိုင်လေးလို့ခေါ်ကြတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့တစ်ဦးတည်းသောချစ်သမီးလေး စံထိပ်ထားဦးဟာ မိခင်လိုပဲ အနုပညာအလုပ်ကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကြော်ငြာများနဲ့ မဂ္ဂဇင်းဓာတ်ပုံများလည်းရိုက်ကူးနေပြီး လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် သူမရဲ့သရုပ်ဆောင်မှုများဟာ သွက်သွက်လက်လက်လေးနဲ့ ချစ်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။

Photo credit - San Htate Htar Oo's FB page
Photo credit - San Htate Htar Oo's FB page

သူမရဲ့မိခင်ဖြစ်တဲ့ ခိုင်သင်းကြည်ဟာလည်း ထိပ်ထိပ်လေးအတွက် အမြဲတမ်းSupporting လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကားများရိုက်ကူးမှုမရှိသေးသော်လည်း ကြော်ငြာများနဲ့ပွဲအခမ်းအနားများလည်း တက်ရောက်နေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုသာမကပဲ ပညာရေးမှာလည်းထူးချွန်သူသမီးလေးကြောင့် မိဘတွေကကြည်နူးပီတိဖြစ်နေရတာပါ။ 

Photo credit - San Htate Htar Oo's FB page
Photo credit - San Htate Htar Oo's FB page

ယခုလက်ရှိ Covid ကာလမှာတော့ ထိပ်ထိပ်လေးက မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်စွာနေထိုင်တာကိုလည်း တွေ့ရပါတယ်။ ယနေ့မှာလည်း ဖခင်နဲ့အတူ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်ပြီး " Papa Bearနဲ့ "ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ ကဲ...ချစ်ပရိသတ်တွေလည်း ထိပ်ထိပ်တို့ သားအဖရဲ့ ပုံရိပ်လေးတွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - San Htate Htar Oo's FB page
Photo credit - San Htate Htar Oo's FB page

Source & Photo credit - San Htate Htar Oo's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။