ကိုရီးယားရဲ့ နာမည်ကြီး Girl Band တစ်ခုဖြစ်တဲ့ Brown Eyed Girls က အဖွဲ့ဝင် Gain နဲ့ နာမည်ကျော် ရွှေမင်းသမီးလေးရဲ့ ချစ်ပုံပြင်ဇာတ်ကားထဲက ခေါင်းဆောင်မင်းသား Joo Ji Hoon တို့ရဲ့ ၃ နှစ်ကြာချစ်သက်တမ်းကတော့ အဆုံးသတ်သွားပြီပဲဖြစ်ပါတယ် ။ 

အစကပြတ်လိုက်ဆက်လိုက်ဖြစ်နေခဲ့ပေမယ့် ခုချိန်မှာတော့ တကယ်ကိုအားလုံးပြီးသွားခဲ့ပြီလို့

အတွင်းလူတစ်ယောက်ကဆိုပါတယ် ။

သူတို့ရဲ့ အေဂျင်စီတွေက သူတိုနှစ်ယောက်လမ်းခွဲတဲ့ အကြောင်းရင်းကို သေသေချာချာသိရမှ တရားဝင်ထုတ်ပြန်ကြေညာပေးမယ်လို့ဆိုပါတယ် ။

Gain ဟာ သူမကို ဆေးခြောက်လာရောင်းတဲ့ လူတစ်ယောက်အကြောင်းကို သူမရဲ့ Social Media Account ပေါ်မှာတင်ခဲ့ရာ ချစ်သူဖြစ်တဲ့ Joo Ji Hoon ကိုပါ အဆိုပါစာထဲမှာ " အားလုံးသိကြတဲ့အတိုင်း ကျွန်မဟာ ဆေးသမားဟောင်းတစ်ဦးရဲ့ ချစ်သူဖြစ်နေတဲ့အတွက် ( ကျွန်မသိတာကတော့ သူဟာ သူ့ရဲ့ ပြစ်မှုအတွက် အပြစ်ဒဏ်ကိုခံယူခဲ့ပြီးပါပြီ ။ သူ့ရဲ့ ဘဝမှာ ခက်ခဲတဲ့ အချိန်တွေဖြစ်ခဲ့ပါတယ် ။ ) ဆိုပြီး ဆေးသမား ဆိုတဲ့အကြောင်းကို ထည့်သွင်းရေးသားခဲ့တာဖြစ်ပါတယ် ။ အဆိုပါဆေးခြောက်အကြောင်းရေးသားခဲ့တဲ့ကိစ္စအတွက်လည်း သူမဟာ မျက်မြင်သက်သေအဖြစ် ရဲတွေရဲ့ စစ်ဆေးခြင်းကိုခံခဲ့ရပါတယ် ။ 

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။