အဆိုတော်စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ သမီးလေးTreasureလေးကို ပိုင်ဆိုင်ထားခဲ့ပြီး မိသားစုလေးကို အချိန်ပေးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: sandy myint lwin 's facebook acc
Photo Credit: sandy myint lwin 's facebook acc

ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ သမီးလေးရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။Treasureလေးကတော့ ယခုမှာ တစ်နေ့တစ်ခြားပိုပိုပြီးချစ်စရာကောင်းလာနေပြီး ယောဂီဝတ်စုံလေးနဲ့ မြင်ရသူတိုင်းရဲ့ ရင်ကိုအေးချမ်းစေခဲ့ပါတယ်။ စန္ဒီမြင့်လွင်သမီးလေးဖြစ်တဲ့ Treasureလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit: sandy myint lwin 's facebook acc
Photo Credit: sandy myint lwin 's facebook acc
Photo Credit: sandy myint lwin 's facebook acc

စန္ဒီမြင့်လွင်ကတော့ " သီတင်းကျွတ်လပြည့်နေ့မှာ ဖိုးဖိုးဖွားဖွားဦးဦးဒေါ်ဒေါ်ကိုကိုမမတွေ အားလုံးကိုကန်တော့လိုက်ပါတယ်နော် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်စန္ဒီမြင့်လွင်သမီးလေးဖြစ်တဲ့ Treasureလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

Source : sandy myint lwin 's  facebook  acc 

Photo Credit: sandy myint lwin 's facebook acc
Photo Credit: sandy myint lwin 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။