ရုပ်ရှင်လောကမှာ သူတို့အထားနဲ့ သူတို့ရှိကြတာကို ရုပ်ရှင်ကြိုက် ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ တစ်ကားနဲ့တစ်ကားမှာ မရိပ်မိလို့သာ မသိကြတာဖြစ်ပြီး သေချာကြည့်ရင် တူနေကြတာကို တွေ့မှာဖြစ်ပါတယ်။ ခုဆိုရင်လဲ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ တူညီတဲ့အမူအကျင့်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

Tom Cruise

Tom တစ်ယောက် ရုပ်ရှင်ကားတွေထဲမှာ ထိုးကြိတ်ခံရတဲ့အခါတိုင်း သူရဲ့မျက်နှာက ပုံပါအတိုင်း ဖြစ်ဖြစ်သွားပါတယ်။ ပရိသတ်ကြီးလဲ ခုမှရိပ်မိမယ်လို့ထင်ပါတယ်။ သူအနေနဲ့လဲ အဲ့လိုမျိုးတွေ မတူညီသင့်လောက်ပါဘူး။

Angelina Jolie

Tom လိုပဲ Jolie ကလဲ အမြဲတမ်းအဲ့လို သေနတ်ကိုင်တဲ့ အခန်းတွေကအတူတူပါပဲ။ သူမလဲ အဲ့သေနတ်ထက် တခြားဟာ ကိုင်တာကိုပိုမြင်ဖူးလား။

Jean Claude Van Damme

ပရိသတ်တွေ မရိပ်မိလောက်တဲ့ သူရဲ့ ပုံစံကတော့ ကားတော်တော်များများဟာ သူရဲ့ခြေထောက်ကို ကားပြတာပါပဲ။ တော်တော်လေးကို ကားပြတဲ့ မင်းသားပါ...No Retreat No Surrender,Replicant နဲ့တခြားကားတွေမှာ တွေ့ရှိရပါတယ်။ 

Cameron Diaz

သူမကို ပုံပါအတိုင်း Underwear နဲ့တွေ့ရင် သူမအနေနဲ့ အဲ့ကားတစ်ကားပဲမဟုတ်ပဲ ကားတော်တော်များများမှာ သူ့ကို အဲ့လိုပုံစံမျိုးနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။   

Ryan Gosling

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေပေမဲ့ Ryan အတွက်တော့မဟုတ်ပါဘူး။ ကားတိုင်းလိုလိုမှာ သူရဲ့ဆေးလိပ်သောက်နေတဲ့ပုံစံကို တွေ့နေရမှာပါ။ La La Land မှာ သူသောက်ခဲ့လားတော့သေချာမသိဘူး။

Mathew Mcconaughey

Mathew ကတော့ အမြဲတမ်း သူ့ခန္ဓာကိုယ်ကို အမြဲတမ်းလိုလိုပြလေ့ရှိပါတယ်။ ပုံကိုကြည့်ပြီး သူဘယ်လောက် Body ပြလဲဆိုတာကို ပရိသတ်ကြီးတွေ့ရမှာပါ။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။