သူ့ရဲ့ဖူးစာရှင်ကတော့ အသက်ရဝအရွယ်အဘွားအိုဖြစ်ပြီး တွေ့ဆုံပုံကလည်း ထူးခြားလှပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းပေါ်ရှိ ရွာတစ်ရွာမှာနေထိုင်တဲ့ အသက်၁၅နှစ်အရွယ်ရှိ ဆီလာမက် ရီရာဒီအမည်ရ ဆယ်ကျော်သက်ကောင်လေးဟာ မကြာသေးခင်က သူ့ရဲ့ဖူးစာရှင် အသက်ရဝအရွယ် အဘွားအိုနဲ့ လက်ထပ်ခဲ့ပါတယ်။

ဆီလာမက်ဟာ ငှက်ဖျားရောဂါခံစားနေရတဲ့အချိန်အတွင်း အိမ်နီးချင်းအဘွားအိုဖြစ်သူ ရိုဟာရာ ဘင်တီ ကီရာဂတ်စ် ကနေ လာရောက်ပြု စုစောင့်ရှောက်ပေးခဲ့ရာမှ အနေနီးပြီးချစ်ကြိုက်သွားခဲ့တာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူ းက ဆိုခဲ့ပါတယ်။

ဆီလာမက်ဟာ အဘွားအိုကို လက်မထပ်ရရင် ကိုယ့်ကိုကိုယ်သတ်သေမယ်လို့ နှစ်ကြိမ်တိတိလူကြီးတွေကို ခြိမ်းခြောက်ပြီးမှ အဘွားအိုနဲ့ လက်ထပ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဆီလာမက်ရဲ့ ဖခင်ဟာ လွန်ခဲ့တဲ့နှစ်တွေက ကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူကလည်း နောက်အိမ်ထောင်ပြုလိုက်တာကြောင့် မိဘမေတ္တာကို မရရှိခဲ့ဘူးလို့ အုပ်ချုပ်ရေးမှူ းကနေ ပြောကြားခဲ့ပါတယ်။

အဖွားအို ရိုဟာရာကတော့ ဆီလာမက်နဲ့ မတိုင်မီက (၂)ကြိမ် လက်ထပ်ခဲ့ဖူးပြီး (၂)ကြိမ်လုံးကွာရှင်းခဲ့ကာ ကလေး(၁)ဦးရှိတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် Channel News Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။