ခုဖော်ပြသွားမဲ့ ကိစ္စဟာဆိုရင် အကယ်၍ သင့်ဖုန်းကို Airplane mode ဒါမှမဟုတ် flight mode မလုပ်ထားဘူးဆိုရင် တကယ်ဖြစ်လာမဲ့ အရာတွေဖြစ်ပါတယ်။ သင်ဟာဆိုရင်လဲ လေယာဉ်ပျံနဲ့မကြာခဏဆိုသလို ခရီးတွေသွားလာလေ့ရှိသူဖြစ်ပါက လေယာဉ်ပေါ်မှာ ဖုန်းကို airplane mode ပြုလုပ်ဖို့နဲ့ သတိပေးစကားတွေ ပြောတာကို ကြားနေကြဖြစ်မှာပါ။  

အဲ့လိုမျိုး သူတို့က သတိပေးစကားပြောတော့ သင့်အနေနဲ့ သူတို့ပြောသလိုမလုပ်ပဲ ဒီတိုင်းဖွင့်ထားမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတာကို တွေးမိကြပါသလား။ တော်တော်များများကတော့ တွေးမိကြမယ်လို့ထင်ပါတယ်။ တွေးမိတဲ့အခါမှာ လေယာဉ်ပျံကျတာတွေ ဘာတွေဆိုပြီးတွေးတက်ကြသလို တချို့ကတော့ မနေတက်မထိုင်တက်တွေဖြစ်တက်ကြပါတယ်။ အဲ့တော့ တကယ်လိုမျိာ ဖွင့်ထားရင် ဘာဖြစ်မလဲဆိုတာကို ဖော်ပြမှာပါ။ 

သင့်အနေနဲ့ဖုန်းထဲကနေ နားညည်းစရာကောင်းတဲ့ အသံတွေကို ဖုန်းနားမှာ သင်ရှိနေပါက ကြားနေရမှာဖြစ်ပါတယ်။ အဲ့အသံတွေက သင့်ကို တော်တော်လေးတော့ စိတ်ထဲညစ်စရာပါပဲ...စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ လေယာဉ်မှုးပြောကြားချက်အရ ဖုန်းကအဲ့လိုဖွင့်ထားရင် လေယာဉ်ရဲ့ ရေဒီယိုလိုင်းထဲကို ဝင်နိုင်ပြီး ဖုန်းကနေအသံတွေကြားရပါတယ်။ တကယ်လိုများ လူအယောက် ၅၀လောက်သာ အဲ့လိုဖွင့်ထားမယ်ဆိုရင် “radio pollution” ဖြစ်နိုင်ပါတယ်။ အာ့ကြောင့်ပဲ Airplane mode လုပ်ခိုင်းတာပဲဖြစ်တာမို့ လေယာဉ်နဲ့ခရီးကို ပျော်ရွှင်စွာ ပျံသန်းနိုင်ပါစေ။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။