သရုပ်ဆောင် စည်ဖြိုးကတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အထူးအားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုပိုင်းမှာပါ ထူးချွန်သူတစ်ယောက်အဖြစ် နာမည်ကြီးနေတာပါ။ အမြဲလိုလို ပျော်ပျော်နေတတ်တာကြောင့်လည်း အားလုံးက ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Si Phyo’s Facebook Page
Photo Crd- Si Phyo’s Facebook Page
Photo Crd- Si Phyo’s Facebook Page

သူချစ်ရတဲ့ ချစ်သူလေးနဲ့လည်း မကြာခင်မှာ ရွှေလက်တွဲရတော့မှာ ဖြစ်တဲ့အတွက် အရမ်းကို ပျော်ရွှင်ကြည်နူးနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်နေပြီး Pre-Wedding တွေလည်း ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ မအားလပ်တဲ့ကြားထဲကလည်း ချစ်သူလေးရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကာ စောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။

Photo Crd- Si Phyo’s Facebook Page
Photo Crd- Si Phyo’s Facebook Page
Photo Crd- Si Phyo’s Facebook Page

မနေ့ညကလည်း ခင်လွှမ်းရဲ့ Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်သည်သောက်တဲ့နို့မှုန့်တွေကိုပါအတူလိုက်သောက်ပေးတဲ့အထိ ချစ်သူလေးကိုအသည်းတုန်နေအောင်ချစ်နေတာလေးကို ရိုက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khin Hlwan’s and Si Phyo’s Facebook Account

Photo Crd- Si Phyo’s Facebook Page
Photo Crd- Si Phyo’s Facebook Page
Photo Crd- Khin Hlwan’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။