ချစ်ပရိသတ်ကြီးရေ သီချင်းတွေကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်ချောလေး မေမဒီကို ပရိသတ်ကြီးချစ်ကြမယ်ထင်ပါတယ်။သူဟာ အချိန်ခဏလေးတွင်းမှာတင် အောင်မြင်တဲ့မိန်းကလေးအဆိုတော်တစ်ယောက်ဖြစ်လာကာ ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပါတယ်။

Photo Credit : May Madi Facebook Account
Photo Credit : May Madi Facebook Account

သူရဲ့သီချင်းလေးတွေဟာ လူငယ်တွေကြား ရေပန်းစားပြီ အမိုက်စားသီချင်းတွေပါမက သီချင်းအေးအေးလေးတွေပါ ကြိုက်နှစ်သက်အားပေးကြတာတွေ့ရပါတယ်။သူမကတော့ သီချင်းတွေ ဆက်တိုက်ဆိုနေတာဖြစ်ပြီး အနုပညာအလုပ်တွေလည်း မနားတမ်းလုပ်နေတယ်လို့လည်းသိရပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။

Photo Credit : May Madi Facebook Account
Photo Credit : May Madi Facebook Account

လတ်တလောမှာတော့ သူမရဲ့ သူငယ်ချင်း သုံးယောက်အား ကားနဲ့တိုက်သွားတဲ့ကားပိုင်ရှင်ကို တွေ့ရင်အကြောင်းကြားပေးဖို့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အခုလို စာလေးတင်ကာ ဖော်ပြခဲ့ပါတယ် ။" Light track 8K 2160 အဖြူရောင် ကားကိုတွေ့ရင် သက်ဆိုင်ရာကိုအကြောင်းကြားပေးကြပါရှင် ည၉:၀၀ လောက်က သူငယ်ချင်း ၃ယောက်ကိုတိုက်ပြေးသွားလို့ပါ

တယောက်ကတော့ ပွဲ ခြင်းပြီးဆုံးသွားပါပြီ နောက်တယောက်က ဆေးရုံမှာပါ မြောက်ဒဂုံ မန္တလေးလမ်း မှာဖြစ်တာပါ" ဆိုပြီးဖော်ပြထားရာ ဖတ်ပြီး စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲနော် ။ ပရိသတ်ကြီးလည်း သိရှိနိုင်စေရန် မျွှဝေပေးလိုက်ပါတယ် ။

Photo Credit : May Madi Facebook Account
Photo Credit : May Madi Facebook Account

Source & Photo Credit : May Madi Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။