ပရိသတ်ကြီးရေ.....သွက်လက်တဲ့သရုပ်ဆောင်ချက်လေးတွေနဲ့ ဗီဒီယိုဇာတ်ကားများမှတဆင့် အနုပညာလောကထဲကိုစတင် ၀င်ရောက်လာခဲ့တဲ့ မင်းသမီးလေး ရွှေမှုံရတီကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ယောက်ဖြစ်ပြီး ယခုဆိုရင်အဆိုတော် ရွှေထူးနဲ့အတူသာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုပါ တည်ထောင်ထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမတို့ဇနီးမောင်နှံကိုရွှေနှစ်ရွှေလို့ ချစ်စနိုးခေါ်ကြတာပါနော်။
ရွှေထူးနဲ့ရွှေမှုံရတီတို့စုံတွဲလေးဟာ ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့်လည်း တစ်ဦးနဲ့တစ်ဦးချစ်ခင်ကြင်နာစွာနဲ့ ရှေ့ဆက်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ဒါ့ပြင် သူတို့နှစ်ဦးဟာအနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြတာဖြစ်ပြီး အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါထူးချွန်ကြတဲ့ သူတွေဆိုလည်း မမှားပါဘူးနော်။ ရွှေထူးတို့ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက်လည်း အပြန်အလှန်ဂရုစိုက်ကြတဲ့သူလေးတွေဖြစ်တာကြောင့် ပရိသတ်တွေအားကျနေရတာလည်းဖြစ်ပါတယ်။
အခုဆိုရင်လည်း ရွှေမှုံရတီတို့ဇနီးမောင်နှံဟာ သီတင်းကျွတ်လပြည့်နေ့လေးမှာ သီလရှင်ကျောင်းအတွက် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြတာဖြစ်ပြီး ဒီအကြောင်းအရာလေးကို သူမရဲ့ Facebookစာမျက်နှာမှာ "ယနေ့ လပြည့်နေ့အလှူ လေး အားလုံး သာဓုခေါ်နိုင်ကြပါစေ ရှင် မမေသူရေကျေးဇူးပါနော်" ဆိုတဲ့ captionလေးနဲ့ တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source& photo credit-Shwe Mhone Yati's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။