ပရိသတ်တွေအားလုံး ဆယ်စုနှစ်တွေများစွာတိုင်အောင် ချစ်ခင်အားပေးနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်မှုတွေကတော့ အနုပညာရှင်များကတောင် အားကျရတဲ့အထိပါပဲ။ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို လက်မလည်အောင် ရိုက်ကူးခဲ့ရပြီး အကယ်ဒမီဆုနှစ်ဆုကိုပါရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Crd- Htet Htet Moe Oo’s Facebook Page
Photo Crd- Htet Htet Moe Oo’s Facebook Page
Photo Crd- Htet Htet Moe Oo’s Facebook Page

လတ်တလောမှာတော့ Live Sale ပေါင်းများစွာကို လက်မလည်အောင် ရောင်းချပေးနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အပြောချိုချိုလေးတွေကြောင့်လည်း သိန်းထောင်ချီအောင် ရောင်းချနေရတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း မထက်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝမ်းသာစရာသတင်းလေးတစ်ခု ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Htet Htet Moe Oo’s Facebook Page
Photo Crd- Htet Htet Moe Oo’s Facebook Page
Photo Crd- Htet Htet Moe Oo’s Facebook Page

ဒါကတော့ သိန်း(၇၀၀၀) ကျော်တန်အိမ်လေးလုံးရောင်းလိုက်ရတဲ့အတွက် ပြောမပြတတ်အောင်ဝမ်းသာပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ သူမကလည်း "အားလုံးကို ကျေးဇူးအရမ်းတင်တယ်။

Lotus Place သိန်း 7250 တန် နောက်ထပ်ရောင်းရပြန်ပြီ။

ထက် Live ကိုကြည့်ပြီးပဲ သိန်း 7000 ကျော်တန်တွေချည်း 4 လုံးရောင်းရပြီမို့ ပိုပြီးဂုဏ်ယူရတယ်။ မထင်မှတ်လောက်အောင် အားပေးကြတာမို့ ဘာပြောရမှန်းမသိအောင် ပျော်လို့စာတောင်မရေးတတ်တော့ဘူး။ ပရိသတ်တွေကိုလည်း အမြဲမေတ္တာပို့ပါတယ် အရမ်းလည်းချစ်တယ် မနက်ဖြန်လည်း အားပေးပါဦးလို့ ။

ထက်လည်း ပိုပိုပြီးကောင်းအောင် အမြဲကြိုးစားနေပါတယ် ။ လို့ ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Htet Htet Moe Oo’s Facebook Page 

Photo Crd- Htet Htet Moe Oo’s Facebook Page
Photo Crd- Htet Htet Moe Oo’s Facebook Page
Photo Crd- Htet Htet Moe Oo’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။