မင်းသမီးချောလေးယွန်းယွန်းကတော့ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ " Happy Birthday Phay Phay မွေးနေ့မှာ ပျော်ရွှင်ရသလိုပဲ တစ်နှစ်လုံးလဲပျော်ရွှင်ရပါစေ။ ဒီနှစ်မှာ မွေးနေ့အမှတ်တရအနေနဲ့ ဆေးလိပ်ဖြတ်တဲ့လက်ဆောင်ပြန်ပေးလို့လဲ ကျေးဇူးပါကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သမီးအနားမှာ အသက်ရှည်ရှည်နေပေးပါ " ဆိုပြီး ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc

သူမကတော့ ဖေဖေကိုမွေးနေ့ပွဲလေး ကျင်းပပြုလုပ်ပေးတဲ့အပြင် ကြည်နူးစရာကောင်းတဲ့ မွေးနေ့ဆုမွန်ကောင်းလေးပါ တောင်းပေးလိုက်ရပါတယ်။သူမတို့မိသားစုလေးရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ယွန်းယွန်းတို့ မိသားစုလေးရဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Yoon Yoon ' s Facebook Acc 

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။