ချစ်ပရိသတ်ကြီးရေ တက်သစ်စ မင်းသမီးချောလေးဖြစ်တဲ့ ဆောင်းယွန်းစံ ကတော့ အကယ်ဒမီရွှေကြိုမယ်အဖြစ် လူသိများခဲ့ပြီး ပရိသတ်ရင်ထဲနေရာတစ်နေရာ ယူထားနိုင်တဲ့ သူလေးလည်းဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး Music video တွေနဲ့ ကြော်ငြာတွေကိုလည်း ပါဝင်ရိုက်ကူးနေရတဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းယွန်းက ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ပါဝင်ရိုက်ကူးနေရတဲ့ သူလေးပဲဖြစ်ပါတယ်။ 

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းက ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတာကြောင့် မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ရင်လည်း လိုက်ဖက်သလို ခေတ်ဆန်တဲ့ ဖက်ရှင်လေးတွေ ဝတ်ဆင်ရင်လည်း ကြည့်ကောင်းနေသူဖြစ်ပါတယ်။ သူမက ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ လှပတဲ့ မျက်နှာလေးကြောင့် ပုရိသယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းစွဲချစ်ခင် အားပေးမှုကို ခံရသူလည်းဖြစ်ပါတယ်။ 

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

မကြာခဏဆိုသလိုလည်း လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဝေမျှပေးလေ့ရှိတဲ့ ဆောင်းယွန်းက ယနေ့မှာတော့ ခါတိုင်းနဲ့မတူပဲ ချက်ပေါ်ဖက်ရှင်လေးနဲ့ ကြည့်မိသူတိုင်းရင်ကို ထိမိစေပြီး ဆွဲဆောင်မှုရှိလှတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ပုံလေးတွေအပြင် "နင် ပြန်လာမယ်လို့ သူထင်နေတာလား."ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်....။

Photo credit - Saung Yoon San's Facebook Account

Source & Photo credit - Saung Yoon San's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။