မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလိုပရိသတ်အချစ်တော် မင်းသားလည်းဖြစ်တဲ့ နေတိုးကတော့ ရှုတင်တွေဆက်တိုက် ရိုက်ကူးနေပါတယ်တဲ့ ပရိသတ်ကြီးရေ။ 

နေတိုးဟာ မကြာခင် ရုံတင်တော့မယ့် "ကြောက် ကြောက် ကြောက်" ဇာတ်ကားကြီးမှာ ပုံစံသစ်ဇာတ်ရုပ်သစ်နဲ့ ပါဝင်ထားတဲ့အတွက် ရင်ခုန်နေတယ်လို့ဆိုပါတယ်။ မနေ့ညကတော့ သူ့ရဲ့ fan page ကနေ "shooting များနဲ့ ကျွန်တော်" ဆိုပြီး သူ့ရဲ့ တနေ့တာ ရိုက်ကူးခဲ့တဲ့ shooting ကဓာတ်ပုံလေးတွေ တင်ခဲ့ပါသေးတယ်။

တင်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ကစ်ကစ်နဲ့အတူ ရိုက်ကူးထားတဲ့ ကြော်ငြာဓာတ်ပုံတွေလည်း ပါဝင်ပါသေးတယ် ပရိသတ်ကြီးရေ။ သက်တူရွယ်တူ မင်းသားတွေ အိမ်ထောင်ကျကုန်ပေမဲ့ အခုချိန်ထိ ပရိသတ်တွေ အနုပညာအလုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ နေတိုးတစ်ယောက်ကတော့ အချစ်ရေးနဲ့ပတ်သတ်ပြီး အေးဆေးနေဆဲပါပဲ ပရိသတ်ကြီးရေ.....

Photo source: Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။