မိတ်ကပ်ဖန်တီးရှင် လင်းလင်းကတော့ ဝါရင့်အနုပညာရှင်ကြီးတွေနဲ့ သိကျွမ်းပြီး မိတ်ကပ်​ခြယ်သပေးရသူဖြစ်လို့ ပရိသတ်တွေနဲ့ တရင်းတနှီးရှိသူပါနော်။ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ဖန်တီးရှင်အဖြစ် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသလို သရုပ်ဆောင်လည်းကောင်းတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးနေသူပါ..။လင်းလင်းက ဖော်ရွှေပြီး စကားအပြောအဆို ပြေပြစ်တာဖြစ်လို့ မြင်သူတိုင်းက အချစ်ပိုကြတာပါ။ 

Photo credit - Lin Lin's FB account
Photo credit - Lin Lin's FB account

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ​ Tiktokလေးတွေကိုလည်း ဆော့ကစားလေ့ရှိပြီး အဆိုပါTiktokလေးတွေဟာ လူကြိုက်များလျက်ရှိပါတယ်။ ယခုလို Covid ကာလမှာတော့ အလုပ်အကိုင်တွေနည်းပါးနေပေမယ့် မင်းသမီးကြီး ထက်ထက်မိုးဦးကို မိတ်ကပ်ခြယ်သပေးရတာကို တွေ့ရပါတယ်။ နှစ်ပေါင်းအတော်ကြာ အနုပညာလောကမှာ အတူတူလက်တွဲလုပ်ကိုင်လာခဲ့တဲ့ ထက်ထက်မိုးဦးကို လင်းလင်းက သီတင်းကျွတ်မှာ လက်ဆောင်ပစ္စည်းတွေနဲ့အတူ သွားရောက်ကန်တော့ခဲ့ပါသေးတယ်။

Photo credit - Lin Lin's FB account
Photo credit - Lin Lin's FB account

ထက်ထက်မိုးဦးအပြင် ဆရာဂျွန်လွင်၊မိတ်ကပ်ခင်စန်းဝင်းနဲ့ အခြားသော ကြီးသူတွေကို ကန်တော့နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ လင်းလင်းက တင်ပေးလာတာပါ။ ပုံလေးတွေအပြင် " သီတင်းကျွတ် မှာ ကျေးဇူးရှင် ဆရာသမားများအား ကာယကံ ဝစီကံ မနောကံ တို့နဲ့ ပြစ်မှားမိသည်ရှိသော ရှိခိုးကန်တော့ပါသည် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်.... ။

Photo credit - Lin Lin's FB account
Photo credit - Lin Lin's FB account
Photo credit - Lin Lin's FB account
Photo credit - Lin Lin's FB account
Photo credit - Lin Lin's FB account

Source & Photo credit - Lin Lin's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။