ပရိသတ်ကြီးရေ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ကဗျာ ၊ ဇာတ်ညွန်းရေးတဲ့ ဒါရိုက်တာ ကိုပေါက် ကိုတော့ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ ကိုပေါက် ကတော့ အနုပညာလောကထဲကို အခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းပြီး ပရိသတ်ရဲ့ရင်ထဲမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားလုပ်ကိုင်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း ဒီထက်မကပိုမိုအောင်မြင်မှုတွေရရှိအောင် ကြိုးစားနေတဲ့ ကိုပေါက် ကတော့ လက်ရှိမှာ အလွန်ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

Photo credit - Aung Min Naing's Facebook Account

သူရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ ကိုပေါက်က မကြာခဏဆိုသလို ပရိသတ်တွေအတွက် ရယ်စရာကောင်းလောက်တဲ့ ဟာသ tik tok ဗီဒီယိုလေးကို အမြဲဖော်ပြလေ့ရှိပါတယ်။ ယခုတစ်မှာလည်း ကိုပေါက် က ပရိသတ်တွေအတွက် ဟာသ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Aung Min Naing's Facebook Account

Covid ကြောင့် လူတွေစိတ်ညစ်နေတဲ့အချိန်မှာ ကိုပေါက်က သူဉာဏ်စွမ်းရှိသလောက် ဟာသTiktokဗီဒီယိုလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုပြီး တစ်နေ့တာရဲ့ ဘဝအမောတွေပြေပျောက်သွားစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်. ။ ဗီဒီယိုလေးတွေအပြင် ကိုပေါက်က " လူတိုင်းကို ရယ်မောစေချင်တာ ကိုယ့်အားနည်းချက် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ 

Photo credit - Aung Min Naing's Facebook Account

Source & Photo credit - Aung Min Naing's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။