မိသားစုမှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းမှာပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဖြစ်ဖြစ် “စည်း” ဆိုတာ ရှိပါတယ်။ ဒီလို စည်းကို မကျော်မိဖို့ လိုအပ်ပါတယ်။ ဒီလို မကျော်မိရန်အတွက်လည်း ဘယ်အတိုင်းအတာအထိ စည်းရှိလဲ ဆိုတာကို သိထားသင့်ပါတယ်။ မသိခဲ့ဘူးဆိုလည်း ကိုယ့်စိတ်နဲ့ နှိုင်းပြီး နားလည်ပေးဖို့ ကိုယ်ချင်းစာပေးဖို့ မျှော်လင့်ပါတယ်။ ကိုယ် လက်မခံနိုင်တဲ့ အချက်၊ ကိုယ် မကြိုက်တဲ့ အချက်တွေကို တခြားသူများအပေါ်မှာလည်း မလုပ်မိဖို့ ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ် လက်ခံနိုင်တဲ့ အချက်ကလည်း တခြားသူများအတွက် အနှောင့်အယှက်ဖြစ်တယ်ဆို ဆင်ခြင်သင့်ပါတယ်။ ဒါဟာ လူနေမှု ဘဝပုံစံထဲက တစ်ခုပါပဲ။

အများကြီးရှိတဲ့ အချက်တွေထဲက အခြေခံကျတဲ့ အချက်လေးတွေကို အရင်ဆုံး မျှဝေလိုက်ပါတယ်။

၁) သူများဖုန်းကို ယူမကြည့်ပါနဲ့။

၂) သူများ စာအုပ်၊ မှတ်စု၊ ဒိုင်ယာရီကို မကြည့်နဲ့။

၃) သူများ အိတ်ကို ယူမကြည့်မိပါစေနဲ့။

၄) မိသားစု အကြောင်းကို မမေးပါနဲ့။

၅) လစာ ၊ ဝင်ငွေအကြောင်း မမေးပါနဲ့။

၆) ဖုန်းပြောနေရင် နားမထောင်ပါနဲ့။

၇) မလိုအပ်ဘဲ အကြံဉာဏ် မပေးပါနဲ့။

၈) အခွင့်အရေး မယူပါနဲ့။

စသည် စသည်ဖြင့် ဒီလို အချက်လေးတွေကို လုပ်မိလို့ ကိုယ့်အတွက် ဘာမှမဖြစ်ပေမဲ့ တဖက်လူ အတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ တစ်ချို့ဆို အရှက်ရသည်အထိ၊ အခင်အမင် ပျက်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် “စည်း” စောင့်ရင်း လူမှုပတ်ဝန်းကျင်မှာ ပျော်ရွှင်သာယာစွာ ဖြတ်သန်းကြရအောင် ….

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။