ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဆယ်လီတစ်​ယောက်ဖြစ်ပြီး ယခုလို Covid ကာလမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသူပါ။ မူလနာမည်ပျောက်ပြီး ပရဟိတမင်းသမီးလေးလို့ အများက ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ ဖြူဖြူထွေးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေကို လုပ်ကိုင်လေ့ရှိသူပါ။ သူမရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း အများရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆယ်လီတွေထဲမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်ထားနိုင်သူလည်း ဖြစ်ပါတယ်။ 

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

သူမကတော့ အမြဲပြုံးပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ စကားပြောသွက်လပ်တာကြောင့် လူကြီး လူငယ်မရွေးအားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ ကြော်ငြာဇာတ်လမ်းတိုလေးတွေကို သူမကိုယ်ပိုင်ဉာဏ်နဲ့ ရိုက်ကူးပုံဖော်လေ့ရှိတာဖြစ်ပြီး ကြည့်မိသူတိုင်းကလည်း အကြိုက်တွေ့နေကြတာပါ။ ယနေ့မှာတော့ ဖြူဖြူထွေးက သူမ ရိုက်ကူးခဲ့တဲ့ ကြော်ငြာတွေထဲက ကာရိုက်တာလေးတစ်ခုနဲ့ ပရိသတ်တွေကို ရယ်မောရအောင် တင်ပေးလာပြန်ပါတယ်နော်။

Photo credit - Phyu Phyu Htwe's Facebook Account
Photo credit - Phyu Phyu Htwe's Facebook Account

ဒါကတော့ ဖြူဖြူထွေးက ရွံ့တွေကြားမှာ ခြင်းခတ်နေရင်း ရုတ်တရက်လဲကျသွားလို့ ဖြစ်သွားတဲ့ မျက်နှာလေးကို တီးလုံးနဲ့ လိုက်အောင် Video ပြု လုပ်ပြီး လူမှုကွန်ယက်ထက်မှာ ဝေမျှလာတာပါ။ ကြည့်မိသူတိုင်း မရယ်ပဲမနေနိုင်လောက်တဲ့ ဖြူဖြူထွေးရဲ့ Tiktok ဗီဒီယိုလေးကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်... ။ကဲ...ဗီဒီယိုလေးကို ကြည့်ပြီး ပရိသတ်တွေက Commentမှာ ရေးသားခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.... ။

Photo credit - Phyu Phyu Htwe's Facebook Account

Source & Photo credit - Phyu Phyu Htwe's Facebook Account 

@phyuphyuhtwefan20

Oh No!!!!

Capone - Oh No - 由user043998上传

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။