ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့် ပရိသတ်အားပေးမှုကိုတော့ ယနေ့တိုင် ရရှိနေတဲ့ သူပါ။ ဇေရဲထက်က ခန့်ညားလှပတဲ့ မျက်နှာလေးနဲ့ ယောကျာ်းပီသတဲ့ ကိုယ်ခန္ဓာ အချိုးအစားတွေကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်မင်းသားတစ်လက်ဖြစ်ပြီး ဗီဒီယိုခေတ်မှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ သူပါနော်။

Photo credit - Zay Ye Htet's FB account
Photo credit - Zay Ye Htet's FB account

ယခုလက်ရှိ အချိန်မှာတော့ ဇေရဲထက်က မိသားစုနဲ့အတူ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်ပြီး နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ဝေမျှပေးလေ့ရှိတဲ့ သူဖြစ်လို့ ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ဇေရဲထက်က သူရဲ့ ချစ်သူလေးအတွက် မင်းသမီးကြီး ထက်ထက်မိုးဦး ရောင်းချတဲ့ Live salesလေးမှာ သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ နာရီတစ်လုံးဝယ်ယူအားပေးခဲ့ကြောင်း လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေလာတာပါ။ 

Photo credit - Zay Ye Htet's FB account
Photo credit - Zay Ye Htet's FB account

မထက်ရောင်းချတဲ့ နာရီလှလှလေးနဲ့အတူ " မကြီးကိုချစ်လို့ အားပေးလိုက်ပြီ ကိုယ့်မှာရှိပြီးသားကို ဆင်တူလေးပတ်စေချင်လို့ ဒီနှစ်ကိုယ့်ကိုကိုယ်ဝတ်မယ့်အစား ချစ်သူ လေးကိုဝယ်ပေးလိုက်ပြီ(သိန်း ၁၀၀ကျော်တန်ကို ဝယ်ပေးတယ်နော် တန်ဖိုးထားလို့) " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်တွေကလည်း မင်းသားချောဇေရဲထက်ရဲ့ ချစ်သူလေးအပေါ် ဂရုစိုက်ကြင်နာမှုတွေကို ကြည့်ရှုပြီး Comments မှာ တစ်ခုခုရေးသားခဲ့ပါအုန်းနော်......။

Photo credit - Zay Ye Htet's FB account

Source & Photo credit - Zay Ye Htet's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။