တူရကီနိုင်ငံမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ 31 ရက်နေ့က ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အဦးတော်တော်များပျက်စီးခဲ့သလို သေဆုံးသူတွေရော အပျက်အစီးတွေအောက်မှာ ပိတ်မိသူတွေရော တော်တော်လေးများခဲ့ပါတယ်။.

ဒါ့ကြောင့် ကယ်ဆယ်ရေးလုပ်သားတွေဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာတွေမှာ ရှာဖွေကယ်ဆယ်မှုတွေ ပြုလုပ်နေပြီးမနေ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့ လေးနှစ်အရွယ် ကလေးငယ်လေးတစ်ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ပါတယ်။

Photo credit - Metro

ဒီကလေးငယ်လေးဟာ ရှာဖွေရေးကယ်ဆယ်ရေးလုပ်သားတွေ ရှာမတွေ့ခင် အပျက်အဆီးတွေအောက်မှာ နာရီ ၉၀ လောက်ပိတ်မိနေခဲ့တာပဲ ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ ကလေးငယ်လေးဟာ အပျက်အစီးတွေပိနေတဲ့ ဒဏ်ရော နာရီ ၉၀ လောက်ရေလေးတစက်တောင် မသောက်ထားရတဲ့ ဒဏ်တို့ကြောင့် ဖြူပတ်ဖြူရော်နဲ့ အားပြတ်သလိုဖြစ်နေခဲ့ပါတယ်။

ဒါ့ကြောင့် ကယ်ဆယ်ရေးလုပ်သားတွေဟာ ဒီကလေးလေးကို အပျက်အဆီးတွေအောက်ကနေ ထိခိုက်မှုနည်းအောင် ကြိုးစားပီးကယ်တင်ခဲ့ရပါတယ်။

Photo credit - Metro
Photo credit - Metro

အဲ့ဒီနောက်မှာတော့ ကလေးငယ်လေးကို ဆေးရုံကိုပို့ပီး ဆေးကုသမှုခံယူစေခဲ့ပြီး လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပြီပဲ ဖြစ်ပါတယ်။

ယောကျာ်း အရင့်အမာကြီးတစ်ယောက်ဆိုရင်တောင် နာရီ ကိုးဆယ် (လေးရက်နီးပါး) လောက် အစာမစား ရေမသောက်ရပဲ အပျက်အစီးတွေအောက်ပိတ်မိနေရင် သေဆုံးနိုင်ခြေက တော်တော်လေးများပါတယ်။

ဒါပေမယ့် ဒီကလေးမလေးဟာ နောက်ဆုံးအချိန်ထိ ဇွဲမလျော့ခဲ့ပဲ သတ္တိရှိရှိနဲ့ အားတင်းထားနိုင်ခဲ့တာကြောင့် လက်ရှိမှာ အသက်ဆက်ရှင်ခွင့် ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo credit - Metro
Photo credit - Metro

Source - Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။