ဒီနည်းလမ်းလေးတွေ သိထားတော့ ခေါင်းစားနေစရာမလိုတော့ဘူး။ ကိုယ့်ရဲ့ အိမ်မှာ လွယ်လွယ်ကူကူနဲ့ ထိရောက်စေမယ့် အိမ်တွင်းနည်းလမ်းတွေမို့ ပရိသတ်တွေအတွက် အထောက်အကူဖြစ်စေမှာပါ။

နံပါတ်တစ် အချက်ကတော့ ကြောင်မွေးထားတဲ့သူတွေအနေနဲ့ ကြောင်ချီးကြုံးရတဲ့ဒုက္ခပါ။ ကြောင်လေးတွေ အီးအီးပါဖို့ပုံမှာပြထားတဲ့အတိုင်း လေးထောင့်ဗန်းလေးတစ်ခု ရှာပြီး အပေါ်က ကျွပ်ကျွပ်အိတ်စွတ်ထားပေးပါ။ တခြားနေရာမှာ ပြာပုံထားတာထက်စာရင် အခုလိုလေးလုပ်ပေးထားတော့ လွှင့်ပစ်တဲ့အခါလည်း လွယ်ကူပြီး အနံ့အသက်ဒုက္ခလည်း သိပ်မခံရတော့ဘူးပေါ့။

ဒုတိယပုံမှာ ပြထားတဲ့ နည်းလေးကတော့ ဒေါက်ဖိနပ်ပေါက်သူတွေအတွက် သုံးလို့ရမှာပါ။

ဒေါက်ဖိနပ်စီးရင်း ဖနောင့်နာတဲ့ မိန်းကလေးတွေအနေနဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အသုံးပြုရမှာပါ။ ရှက်စရာမဟုတ်ပါဘူး ဒါတကယ် အဆင်ပြေစေမယ့်နည်းပါ။ ပုံထဲကလို အဖျားပိုင်းကို ကတ်ကြေးနဲ့ညှပ်ပြီး ဒေါက်ဖိနပ်အနောက်ပိုင်းမှာ ညှပ်ပြီးထည့်ထားပါ။

နံပါတ်(၃)အချက်ကတော့ သန့်စင်ခန်း အိမ်သာထဲမှာ အနံ့ဆိုးထွက်နေတာကို ဖြေရှင်းမယ့်နည်းပါ။ အိမ်သာသုံးစက္ကူကို ယူပြီး ကိုယ်နှစ်သက်တဲ့ ရေမွွှေးသို့မဟုတ် အမွှေးရည်လေးတစ်ခု ကို အစက်လေးချပြီး ဖြန်းထားပါ။ ဒါဆိုိ အိမ်သာထဲကအန့ံဆိုးတွေသက်သာစေမှာပါ။

နံပါတ်(၄)အချက်ကတော့ အိမ်ခန်း ရုံးခန်းတွေမှာ ဖုန်သုတ်စက်နဲ့ သန့်ရှင်းတဲ့အခါ အနံ့သက်ကောင်းဖို့ပါ။ ဖုန်သုံးစက်ထဲကို ပုံပါအတိုင်း အနံ့သင်းတဲ့ ဆပ်ပြာမှုန့်ထည့်ပြီး သန့်ရှင်းကြည့်ပါ။     

နံပါတ်(၅)အချက်ကတော့ ဟင်းချက်တဲ့အခါပနံသင့်ပြီး ကျန်းမာရေးအတွက်ပါ သင့်မယ့် အစပ်အဟပ်နည်းလေးပါ။ ချက်မယ့်ဟင်းအိုးထဲကို အရောင်တင်မှုန်ရယ် ငရုပ်သီးမှုန့်ရယ် မဆာလာမှုန့်ရယ်ကို ဆတူလေး ထည့်ပေးပါ။

နံပါတ်(၆)အချက်ကတော့ မိတ်ကပ်ဖျက်တဲ့ ဖျက်ဆေးအရည်နဲ့ ဘူးအခွံက စတစ်ကာ စက္ကူတွေကို ဖျက်လို့ရပါတယ်တဲ့။

ဒီနည်းကတော့ အဝတ်အစားတွေ အနံ့သက်ကောင်းဖို့ပါ။ စတိုးဆိုင်တွေက တစ်ခါတလေ ပေးလေ့ရှိတဲ့ ရေမွှေးအစမ်းစွတ်ထားတဲ့ စက္ကူစလေးတွေကို လျှော်ဖွပ်မီးပူတိုက်ပြီး ဗီရိုထဲက အဝတ်အစားတွေကြားမှာ ညှပ်ထားပေးပါ။

နံပါတ်(၈)အချက်ကတော့ သင် ရေမချိုးဖြစ်တဲ့အခါ လက်သန့်ဆေးနဲ့ ကိုယ့်ရဲ့ အသားရေပေါ် လိမ်းပေးခြင်းအားဖြင့်လည်း သန့်ရှင်းစင်ကြယ်စေမှာပါ။

နံပါတ်(၉)အချက်ကတော့ ပုံပါအတိုင်း ကိုယ့်ရဲ့ မီးဖိုချောင်ကို အနံ့သက်ကောင်းစေဖို့ပါ။ ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်ကို လက်တစ်ဆုပ်စာထည့်ပြီး ဗေဇင်ပေါ်ကိုဖြစ်စေ ဖြူးထားပြီး ရေနွေးနဲ့ ပြန်လောင်းပေးပါ။ဒါဆို မီးဖိုချောင်ထဲက အနံ့သက်ဆိုးတွေ လွင့်သွားစေလိမ့်မယ်။

ညဏ်ကြီးရှင်တွေ နောက်ဆုံးလုပ်ပြထားတဲ့အချက်ကတော့ အိမ်မှာ ရေနွေးမရှိတဲ့အချိန်ပါ။ ရေနွေးမရှိလဲ ကို်ယ်ချိုးမယ့် ရေထည့်ထားတဲ့နေရာကိုအဝတ်လျှော်စက်ကို (၉၀)ဒီဂရီလှည့်ပြီး ပိုက်ကိုထည့်ပေးထားပါ။

အိမ်သုံးနည်းလေးတွေက ငွေလဲမကုန် ခေါင်းလဲမစားတဲ့အတွက် အားလုံးအဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။  

သတင်းအရင်းမြစ် brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။