အိအိတုံကတော့ အနပညာလောကရဲ့ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူဖြစ်ပြီး ကျရာ ဇာတ်ရုပ်ကိုအကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်တဲ့သူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဒါရိုက်တာပေးတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် အနပညာလောကမှာ နေရာတစ်ခုကို ရရှိနေတဲ့ သူဖြစ်ပြီး ယနေ့တိုင် ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များလျက်ရှိနေတာလည်း ဖြစ်ပါတယ်။

Photo credit - Ei Ei Tone's FB account
Photo credit - Ei Ei Tone's FB account

အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပြီး မိသားစုအပေါ်တာဝန် လိုလေသေးမရှိ ပြုစုစောင့်ရှောက်နေတဲ့ အိအိတုံက သမီးလေးတစ်ယောက်အပြင် ဗိုက်ထဲမှာလည်း ရင်သွေးလေးကို လွယ်ထားရသူပါ။ မွေးဖွားခါနီးရှိပြီဖြစ်တဲ့ ရင်သွေးလေး​ကြောင့် စီးပွားရေးကို ရပ်နားထားတာဖြစ်ပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပါ။ အိမ်မှာနေရင်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်ထက်မှာ လှုပ်ရှားမှုလေးတွေကို တင်ပေးလေ့ရှိတဲ့ အိတုံက ယနေ့မှာလည်း တင်ပေးလာပြန်ပါတယ်နော်။

Photo credit - Ei Ei Tone's FB account
Photo credit - Ei Ei Tone's FB account

ဒါကတော့ အဖွားဖြစ်သူဆီက လက်စွပ်အမွေတောင်းတာဖြစ်ပြီး " အဖွားလက်စွပ်ယူဝတ်ပီးအမွေတောင်းနေတာ အဖွားကလေအဲ့လိုမမဗိုက်လေးပြောပီးထဲကချွတ်ပီးသိမ်းပလိုက်တာအဖွားလက်ထဲမတွေ့တော့ဖူး သိမ်းပလိုက်ပီ " ဆိုပြီး သူမရဲ့ ရယ်မောစရာအဖြစ်အပျက်လေးကို ရေးသားမျှဝေလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.......။

Photo credit - Ei Ei Tone's FB account
Photo credit - Ei Ei Tone's FB account

Source & Photo credit - Ei Ei Tone's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။