၆၆(ဃ)ကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းထုတ်ပြန်

ပြည်ထောင်စုလွှတ်တော်ရဲ့တရားဝင်ဝက်ဆိုဒ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ကိုအာမခံပေးလို့ရတဲ့ဥပဒေပုဒ်မအဖြစ်ပြင်ဆင်ထားတဲ့ဥပဒေကြမ်းကိုမနေ့ကထုတ်ပြန်ထားကြောင်းသိရပါတယ်

အဆိုပါမူကြမ်းကိုအမြန်ဆုံးအတည်ပြုနိုင်အတည်ပြုနိုင်ပြုဖို့မျှော်မှန်းထားကြောင်းပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဦးနေမျိုးထွန်းကပြောပါတယ် လက်ရှိအချိန်မှာအဆိုပါမူကြမ်းမှာပြည်သူ့လွှတ်တော်နာယကဆီမှာရှိနေသေးပြီး

ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွေဆီမရောက်သေဘူးလို့ပြောပါတယ်

ဥပဒေကြမ်းမှာ၆၆(ဃ)နဲ့အမှုဖွင့်တိုင်ကြားခံထားရသူတွေကိုအာမခံပေးနိုင်ဖို့နဲ့ အဲဒီပုဒ်မနဲ့အမှုဖွင့်ဖို့ရာဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ကြိုတင်ခွင့်ပြုချက်ယူစရာမလိုအောင်လည်းပြင်ဆင်ထားတယ်လို့ပြောပါတယ်

လက်ရှိအချိန်မှာ အဆိုပါပုဒ်မနဲ့တရားစွဲခံထားရသူရ၁ဦးရှိနေပြီး အဲဒီထဲမှာသတင်းမီဒီယာသမားတွေပါဝင်နေပြီး အများစုဟာအာမခံမရဘဲ အချုပ်ထောင်ထဲကနေတရားရင်ဆိုင်နေရတာပါi

သတင်းအရင်းမြစ် RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။