မြောက်ကိုရီယားနယ်စပ်၌ အမေရိကန်ဗုံးကြဲလေယာဉ်များနှင့်တောင်ကိုရီးယားတပ်ဖွဲ့များပူးတွဲစစ်ရေးလေ့ကျင့်

တောင်ကိုရီးယားနဲ့အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုတွေလုပ်ပြီးနောက်မှာ တန်ပြန်တဲ့အနေနဲ့အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလုပ်လိုက်တာပါလို့တောင်ကိုရီယားစစ်တပ်ကကြေငြာခဲ့ပါတယ်

အမေရိကန်ရဲ့B-1B lancerဗုံကြဲလေယာဉ်နှစ်စင်းနဲ့တောင်ကိုရီးယာစစ်တပ်တို့ပူပေါင်းပြီးနိုင်ငံအရှေ့ဘက်ခြမ်း gangwonပြည်နယ်မှာလေ့ကျင့်ခဲ့တာပါ ရန်သူရဲ့ဒုံကျည်ပစ်စင် မြေအောက်စခန်းလိုနေရာမျိုးတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့ပုံစံမျိုးလေ့ကျင့်ခဲ့တာပါ

ယခုရက်ပိုင်းအတွင်းမှာစမ်းသပ်ပစ်လွှတ်ခဲ့တဲ့မြောက်ကိုရီးယားရဲ့တာဝေပစ်ဒုံးကျည်ဟာ၅၅ဝဝကီလိုမီတာထိပျံသန်းနိုင်ပြီးအမေရိကန်အနောက်မြောက်ထိရောက်နိုင်တယ်လို့ အမေရိကန်စစ်ဘက်ကခန့်မှန်းထားပါတယ်

မြောက်ကိုရိးယားရဲ့ဒီလိုစမ်းသပ်မှုအောင်မြင်ပြီးနောက် သူတို့ရဲ့နှုူကလီးယားရည်မှန်းချက်တွေကုရပ်တန့်ဖို့ကြီးမားတဲ့ကိစ္စတချို့ကိုလုပ်ပြရမယ်လို့အမေရိကန်သမ္မတထရမ့်ကပြောပါတယ် မြောက်ကိုရီးယားဟာအလွန်ဆိုးဝါးတဲ့အပြုအမှုတွေကိုလုပ်နေတာဖြစ်ပြီးဒီလုပ်ရပ်တွေအတွက်အကျိုးဆက်တွေရှိလာမယ်လို့လည်းပြောပါတယ်

သတင်းအရင်းမြစ် VOA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။