မင်းသမီးချောလေး ခေးဆက်သွင်ကတော့ ပရိသတ်တွေကြားမှာ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ အချစ်၊အလွမ်း၊ဟာသ၊ဗီလိန်စတဲ့ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင်ဖန်တီးနိုင်တာကြောင့်လည်း ခေးဆက်သွင်က ပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ် ။ သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေထဲမှာတော့ "အရိပ်၊ဆုံစည်းခြင်းမိုးတိမ်များ၊ နှင်းဆီ" စတဲ့ဇာတ်လမ်းတွဲလေးတွေက အရမ်းကိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။

Photo credit - Khay Sett Thwin's Facebook Account
Photo credit - Khay Sett Thwin's Facebook Account

ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုကင်းတဲ့ ခေးဆက်သွင်က လူချစ်လူခင်ပေါများသူလေးလည်း ဖြစ်ပါတယ် ။ ဒါ့အပြင်ခေးက ရုပ်ရည်လေးကချောမောလှပတဲ့အပြင် ဆံပင်အတိုလေးနဲ့ဆိုရင်တောင် စတိုင်ကျကျလှနေတာ ဖြစ်ပါတယ် ။ မကြာခဏဆိုသလို လူမှုကွန်ယက်စာမျက်နှာထက်မှာ သူငယ်ချင်းတွေနဲ့အတူ ပုံရိပ်လေးတွေနဲ့ Tiktok ဗီဒီယိုလေးတွေကို ဝေမျှလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း စောင့်ကြည့် အားပေးနေကြတာကို တွေ့ရပါတယ်။ 

Photo credit - Khay Sett Thwin's Facebook Account
Photo credit - Khay Sett Thwin's Facebook Account

ယနေ့မှာတော့ ခေးက " မမလို့သာပြောတာပါ ကလေးလို ဆိုးချင်လည်း ဆိုးတတ်သေးတာ " ဆိုတဲ့ စာသားလေးနဲ့အတူ ထိုင်နေရင်း ကောက်ကြောင်းအလှတွေပေါ်လွင်နေတဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ကြည့်မိသူတိုင်း အချစ်ပိုစေလောက်အောင် ရိုက်ကူးထားတဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်..... ။

Photo credit - Khay Sett Thwin's Facebook Account

Source & Photo credit - Khay Sett Thwin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။